မှန်ကန်ပြီး ခိုင်မာတဲ့ကမ်းလှမ်းမှုမျိုး ပြုလုပ်မှသာ စာချုပ်သစ် ချုပ်ဆိုမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Kg Htet

အင်တာမီလန်အသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင်ဖြစ်တဲ့ တိုက်စစ်မှူး အီကာဒီကို ဥရောပထိပ်တန်းအသင်းကြီးတွေက စိတ်ဝင်စားနေပြီး အင်တာမီလန်အသင်းနဲ့ အနာဂတ်အကြောင်း ကောလာဟလတွေထွက်ပေါ်နေချိန်မှာ အီကာဒီက လူမှုကွန်ရက်ကို အသုံးပြုပြီး ပြောပြခဲ့ပါတယ်။

အင်တာမီလန်အသင်းခေါင်းဆောင် အီကာဒီဟာ အင်တာမီလန်နဲ့ အနာဂတ်မရေမရာဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ အင်တာမီလန်အသင်းက မှန်ကန်ပြီး ခိုင်မာတဲ့ကမ်းလှမ်းမှုမျိုး ပြုလုပ်မှသာ စာချုပ်သစ် ချုပ်ဆိုမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။



အီကာဒီဟာ အင်တာမီလန်အသင်းနဲ့ ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးသူဖြစ်ပြီး ရီးရဲမက်ဒရစ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ကလည်း အီကာဒီကို ခေါ်ယူလိုနေတဲ့အသင်းတွေထဲမှာ အပါအဝင်ဖြစ်တယ်လို့ ယုံကြည်ရပြီး အီကာဒီက ၎င်းရဲ့လူမှုကွန်ရက်ကနေတဆင့် ထွက်ပေါ်နေတဲ့ ကောလာဟလတွေနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

“အတုအယောင်ဂျာနယ်လစ်တွေနဲ့ ဘာမှမသိဘဲ အတည်ကြီးလို ရေးသားနေတဲ့ သတင်းစာတွေကို ဖတ်ရှုခဲ့တဲ့ ပရိသတ်တွေအားလုံးကို ကျွန်တော် ရှင်းအောင် ပြောပြချင်ပါတယ်။ ကျွန်တော့်ရဲ့စာချုပ်သစ်ဟာ အင်တာမီလန်အသင်းက မှန်ကန်ပြီး ခိုင်မာတဲ့ကမ်းလှမ်းမှုမျိုး ပြုလုပ်တဲ့အခါမှသာ ဖြစ်လာပါလိမ့်မယ်”လို့ အီကာဒီက ၎င်းရဲ့အင်စတာဂရမ်အကောင့်မှာ ရေးသားခဲ့ပါတယ်။

“အခု ပျံ့နှံ့နေတဲ့ အလိမ်အညာတွေကို ဘေးဖယ်ပြီးမှသာ ကျွန်တော့်ရဲ့ မှန်ကန်မှုှရှိတဲ့ စာချုပ်သစ်ချုပ်ဆိုမှုနဲ့ပတ်သက်တဲ့အကြောင်းကိုသာ ကျွန်တော်တို့ ပြောနိုင်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က