Duwun Sports ရဲ့ သတင်းထောက်က သတင်းပေးပို့ခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ စင်ကာပူအမျိုးသားဘောလုံးကွင်းအတွင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း Duwun Sports ရဲ့ သတင်းထောက်က သတင်းပေးပို့ခဲ့ပါတယ်။

အင်တာမီလန်နဲ့ ကစားရမယ့် နိုင်ငံတကာချန်ပီယံများဖလားပြိုင်ပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ စင်ကာပူမှာ ကစားသွားရမှာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ စင်ကာပူအမျိုးသားဘောလုံးကွင်းအတွင်းမှာ လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း Duwun Sports ရဲ့ သတင်းထောက်က သတင်းပေးပို့ခဲ့ပါတယ်။



ယူနိုက်တက်နဲ့အတူ သြစတြေးလျခရီးစဉ်ကို လိုက်ပါခဲ့ခြင်းမရှိခဲ့တဲ့ နောက်ခံလူဒါမီယန် နဲ့ ကွင်းလယ်လူ ဖရက်ဒ်တို့က စင်ကာပူကို လာရောက်ပူးပေါင်းခဲ့ပြီး အင်တာမီလန်နဲ့ပွဲမှာ လုခ်ရှောနဲ့ လူကာကူတို့ ပါဝင်ကစားနိုင်မှာ မဟုတ်ဘူးလို့ နည်းပြဆိုးလ်ရှားက အတည်ပြုခဲ့ကြောင်း သိရပါတယ်။ အဆိုပါကစားသမားနှစ်ဦးစလုံးဟာ လိဒ်နဲ့ကစားခဲ့တဲ့ပွဲကိုလည်း လွဲချော်ခဲ့သူတွေ ဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲကို ဆိုးလ်ရှားနဲ့အတူ ကွင်းလယ်လူမာတစ်တက်ရောက်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သတင်းစာရှင်းလင်းပွဲမှာတော့ နည်းပြဆိုးလ်ရှားက စင်ကာပူကို အားကစားမြို့တော်အဖြစ် သုံးနှုန်းပြောဆိုခဲ့ပြီး ရာသီကြိုပွဲစဉ်တွေ ကစားရတာက ရာသီသစ်အတွက် အရေးပါတဲ့ ခရီးစဉ်တွေဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

"အင်တာမီလန်နဲ့ပွဲမှာ အလှည့်ကျလူထုတ်ပုံကိုပဲ အသုံးပြုသွားမှာပါ၊ ကစားသမားတွေအနေနဲ့ (၄၅)မိနစ်၊ (၆၀)မိနစ် နဲ့ (၇၀)မိနစ် စသဖြင့် ကစားရပါလိမ့်မယ်၊ ဒုတိယပိုင်းမှာ ကစားသမားအားလုံးကို လဲလှယ်သွားဖို့ အစီအစဉ်မရှိပါဘူး၊ ကစားသမားတိုင်းရဲ့ အကောင်းဆုံးပုံစံကို ရရှိဖို့အတွက် ကျွန်တော် ကြိုးစားနေတာပါ၊ ပေါ့ဂ်ဘာတစ်ဦးတည်းအတွက်မဟုတ်ပါဘူး၊ အသင်းတစ်သင်းလုံးအတွက်ပါ" လို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။

ကွင်းလယ်လူမာတစ်ကလည်း သူ ကစားပေးရတဲ့ နေရာနဲ့ပတ်သက်ပြီး ပြောဆိုခဲ့ရာမှာ "စီနီယာကစားသမားတစ်ဦးအနေနဲ့ ကျွန်တော်ကြိုးစားနေပါတယ်၊ ကျွန်တော့်ရဲ့ နေရာက အသင်းဖော်တွေအတွက် အရမ်းအရေးကြီးပါတယ်၊ ရာသီကြိုပွဲတွေအတွက် ကျွန်တော်တို့ လေ့ကျင့်မှုတွေ ကောင်းကောင်းလုပ်နိုင်ခဲ့ပြီး ဒီထက်မကပေးဆပ်နိုင်ဖို့လည်း ကြိုးစားနေပါတယ်၊ လာမယ့်ရာသီမှာ ပိုကောင်းအောင်ကစားနိုင်ပါလိမ့်မယ်" လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အာရှကစားသမားတွေကို စောင့်ကြည့်နေလားဆိုတဲ့ မေးခွန်းကိုလည်း ဆိုးလ်ရှားက "ကျွန်တော်တို့က ကစားသမားကောင်းတွေကို အမြဲတမ်းရှာဖွေနေတာပါ၊ အာရှကစားသမားတချို့ကို ကျွန်တော်အထင်ကြီးလေးစားပါတယ်၊ ကစားသမားတစ်ဦးဦးအပေါ်မှာ စိတ်ခံစားချက်

ှိလာခဲ့ရင်တော့ သူ့ကို ယူနိုက်တက်ကို ရောက်အောင် ခေါ်ယူဖို့ ကြိုးစားသွားမှာပါ" လို့ ပြန်လည်ဖြေဆိုခဲ့ကြောင်းလည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က