အသင်းကို ကွာတားဖိုင်နယ်ရောက်အောင် ပို့ဆောင်ပေးခဲ့ပြီးပါပြီ။
Pyae Phyo Thein

လူကာကူက အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ဘောလုံးရာသီတစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးရရှိခဲ့တာဖြစ်ပါတယ်။


အင်တာမီလန်အသင်းကို ယူရိုပါလိဂ်ကွာတားဖိုင်နယ်ရောက်ရှိအောင် ကူညီပေးနိုင်ခဲ့ပြီးနောက် တိုက်စစ်မှူးလူကာကူက ဆုဖလားရယူဖို့အထိ မျှော်လင့်ထားတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ အင်တာမီလန်ဟာ ဂီတာဖေးကို လူကာကူ၊ အဲရစ်ဆန်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး နောက်ဆုံး ၈ သင်းအဆင့်ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ 

လူကာကူကလည်း အသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး ၃၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး သူ့ရဲ့ကစားသမားဘဝတစ်လျှောက် ဘောလုံးရာသီတစ်ရာသီအတွင်း ဂိုးသွင်းအများဆုံးရရှိခဲ့တာဖြစ်ပါတယ်။ ဘယ်လ်ဂျီယံတိုက်စစ်မှူးက အသင်းရဲ့တိုးတက်လာမှုအပေါ်မှာ ကျေနပ်နေပြီး ယူရိုပါလိဂ်ဖလားကို ရယူဖို့အထိ ပစ်မှတ်ထားနေပြီလို့ ပွဲအပြီးမှာပြောဆိုသွားခဲ့ပါတယ်။ 

"ကျွန်တော် လွဲချော်ခဲ့တာတွေလား၊ ဘောလုံးမှာတော့ ဒါက ဖြစ်နေကျပါပဲ၊ ဒါပေမယ့်လည်း ကျွန်တော်ကတော့ နောက်ပွဲအတွက်ပဲ စဉ်းစားနေပါပြီ၊ ယူရိုပါလိဂ်ဖလားရယူပြီး အသင်းကို ဆက်ကူညီပေးချင်ပါတယ်၊ နည်းပြနဲ့ ကျွန်တော်တို့လုပ်နေတဲ့အလုပ်က တကယ်ကိုအရေးကြီးပါတယ်၊ အသင်းက တိုးတက်နေပြီး ကျွန်တော်တို့ ဒီလိုတူညီတဲ့စိတ်ဓာတ် နဲ့ ရှေ့ဆက်ဖို့လိုအပ်ပြီး တိုးတက်ချင်စိတ်လည်း ရှိရပါမယ်" လို့ လူကာကူက Sky Sports ကို ပြောဆိုခဲ့ပါတယ်။

လူကာကူကတော့ ၂၀၁၀-၁၁ နောက်ပိုင်း အင်တာမီလန်အတွက် တစ်ရာသီအတွင်း ပြိုင်ပွဲစုံသွင်းဂိုး ၃၀ ရရှိခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။ ဒီအတွက်လည်း ပျော်ရွှင်မိတယ်လို့ သူက ပြောခဲ့ပါတယ်။ "ဒီပွဲက ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်မယ်ဆိ်ုတာ သိထားခဲ့ပါတယ်၊ တကယ်ကို တက်ကြွထက်သန်တဲ့အသင်းနဲ့ ရင်ဆိုင်ခဲ့ရတာပါ၊ သူတို့ခံစစ်ပိုင်းက ကောင်းမွန်ခဲ့ပြီး ခံစစ်ဇုန်ထဲမှာ ကျွန်တော်တို့ ကောင်းကောင်းလုပ်နိုင်ခဲ့ပါတယ်"

"သွင်းဂိုးအတွက်လည်း ပျော်ရွှင်ကျေနပ်မိပါတယ်၊ အဲရစ်ဆန်လည်း ဒီတိုင်းပါပဲ" လို့ လူကာကူက ဆိုပါတယ်။ အင်တာမီလန်ကတော့ ကွာတားဖိုင်နယ်မှာ ရိန်းဂျား နဲ့ လေဗာကူဆင်တို့ရဲ့ပွဲစဉ်က အနိုင်ရတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 


Author


က္က