ဘာစီလိုနာနဲ့ရီးရဲလ်အကြား ရမှတ် ၂မှတ်ကွာဟနေဆဲပါ။

ဇွန်လတတိယအပတ်တွင်း ပြန်လည်ကျင်းပဖို့ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပေမယ့် အချိန်ပိုစောပြီး ကျင်းပဖို့ခွင့်ပြုချက် ရရှိခဲ့တာလည်းဖြစ်ပါတယ်။

စပိန်လာလီဂါတာဝန်ရှိသူတွေအနေနဲ့ လက်ကျန်ပွဲစဉ်တွေဆက်လက်ကစားဖို့အတွက်အတင်းကြပ်ဆုံးစည်းမျဉ်း တွေထုတ်ပြန်ခဲ့ပြီးနောက် လာမယ့်ဇွန် ၈ရက်နေ့တွင် ပြန်လည်ကျင်းပမှာဖြစ်တယ်လို့ အတည်ပြုချက်ကိုmarca .com ရဲ့ဖော်ပြချက်အရ သိရပါတယ်။



အစောပိုင်းကာလအတွင် ပြိုင်ပွဲကျင်းပဖို့ အစောတလျင်မဆုံးဖြတ်ဖို့ အစိုးရအာဏာပိုင်များရဲ့အကြံပြုများရှိခဲ့သော်လည်း စပိန်ဘောလုံးအဖွဲ့ချုပ်၊ လာလီဂါတာဝန်ရှိသူများ၊ စပိန်ကစားသမားများအစည်းအရုံးတို့ရဲ့ ကြိုးစား အားထုတ်မှုများကြောင့် လျာထားရက်ထက်ပိုစောပြီး ကျင်းပနိုင်တော့မှာလည်းဖြစ်ပါတယ်။



လာလီဂါတာဝန်ရှိသူတွေအနေနဲ့ မကြာမီပြန်လည်စတင်တော့မယ့် ပွဲစဉ်တွေအတွင်း မလိုလားအပ်တဲ့ရောဂါပိုး ကူးစက်ခံရမှုများမရှိစေရေးအတွက် ကွင်းအတွင်းရှိနေရမယ့် လူအရေအတွက်ကို တိတိကျကျကန့်သတ်ခဲ့ပြီး ပွဲ တစ်ပွဲအတွင်း လူဦးရေ ၂၀၀ ဦးသာရှိရမယ်လို့ သတိပေးချက်ထုတ်ပြန်ထားခဲ့တာပါ။

ဘာစီလိုနာ၊ ရီးရဲလ်တို့ဦးဆောင်နေတဲ့ လာလီဂါရဲ့ လက်ကျန်ပွဲစဉ်အစကို ပွဲစဉ် ၂၈အဖြစ် ပြန်လည်စတင်မှာဖြ စ်ပြီး ဆီဗီးလ်ဒါဘီပွဲစဉ်ဖြစ်တဲ့ ဆီဗီလာ-ဘက်တစ်၊ ဗလင်စီယာ- လီဗန်တေးတို့ရဲ့ ဗလင်စီယာဒါဘီပွဲစဉ်အပြင် ဘီလ်ဘာအို-အက်သလက်တီကိုပွဲစဉ်တို့ ရှိနေခဲ့တာလည်းဖြစ်ပါတယ်။

လက်ရှိပွဲစဉ် ၂ရအထိကစားပြီးချိန်မှာ ဘာစီလိုနာအသင်းက ရမှတ် ၅၈မှတ်နဲ့ အဆင့်-၁နေရာကနေ ဦးဆောင် နေပြီး ရီးရဲလ်က ၂မှတ်အကွာ အဆင့် ၂၊ ဆီဗီလာ၊ ဆိုစီဒက်၊ ဂီတာဖေးလ်၊ အက်သလက်တီကို၊ ဗလင်စီယာ၊ ဗီလာရီးရဲလ်၊ ဂရန်နာဒါ၊ ဘီလ်ဘာအိုတို့က ထိပ်ဆုံး ၁ဝသင်းအဖြစ် အစဉ်လိုက်ရပ်တည်နေခဲ့တာလည်းဖြစ်ပါ တယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က