ဆေးရုံကို ရောက်ရှိနေချိန်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
Kg Htet

ယမန်နေ့က အဝေးကွင်းပွဲစဉ်ကို သွားရောက်ယှဉ်ပြိုင်ပြီး အပြန်လမ်းမှာ အလန်ယာစပေါ်အသင်းသားတွေကို သယ်ဆောင်လာတဲ့ မီနီဘတ်စ်ကား မတော်တမှုဖြစ်ခဲ့ပြီးနောက် ချက်လက်ရွေးစင်တိုက်စစ်မှူး ဂျိုးဆက်ဖ်ဆူရယ် ကွယ်လွန်သွားခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာ အလန်ယာစပေါ်အသင်းနဲ့ ကေးဆီရစ်စပေါ်အသင်းတို့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တဲ့ အဝေးကွင်းပွဲစဉ်အပြီးမှာ ဂျိုးဆက်ဖ်ဆူရယ်နဲ့အသင်းဖော် ၆ ဦးတို့ဟာ သီးသန့် မီနီဘတ်စ်ကားနဲ့ ပြန်လည်ထွက်ခွာခဲ့ရာမှာ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ချက်ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့နှစ်အောက်တိုဘာလက ယူကရိန်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာ ချက်အသင်းအတွက် ပွဲ ၂၀ မြောက်ပါဝင်ကစားပေးခဲ့တဲ့ အသက် ၂၈ နှစ်အရွယ်တိုက်စစ်မှူး ဆူရယ် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါး နောက်ခံကစားသမားဟောင်း စတီဗင်ကော်ကာနဲ့ နယူးကာဆယ်တိုက်စစ်မှူးဟောင်း ပါပစ်ဆစ်ဆီတို့ဟာလည်း အလန်ယာစပေါ်အသင်းအတွက် ကိုယ်စားပြုကစားပေးနေပြီး မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားပေါ်မှာ ပါဝင်ခဲ့ခြင်းရှိ၊ မရှိ မသိရသေးပါဘူး။

ချက်လက်ရွေးစင်ဂိုးသမားဟောင်းဖြစ်တဲ့ အာဆင်နယ်ဂိုးသမား ပီတာချက်က ဂျိုးဆက်ဖ်ဆူရယ်အတွက် ဝမ်းနည်းကြေကွဲကြောင်း ပထမဆုံး ပြောခဲကြတဲ့ ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

“ဒီနေ့မနက်အတွက် ဝမ်းနည်းကြေကွဲဖွယ်သတင်းပါ။ ဆူရယ်ရဲ့မိသားစုနဲ့ သူ့ကို ချစ်ခင်ကြတဲ့သူတွေအားလုံးနည်းတူ ထပ်တူထပ်မျှ ကြေကွဲဝမ်းနည်းမိပါတယ်။ ငြိမ်းချမ်းရာမှာ အနားယူနိုင်ပါစေ”လို့ ပီတာချက်က တွစ်တာမှာ ရေးသားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က