ခြေကျင်းဝတ်ဒဏ်ရာကနေ အလျင်အမြန်သက်သာလာခဲ့တာပါ။
Pyae Phyo Thein

ဘတ်ပီအနေနဲ့ ပေါ်တူဂီကို အသင်းနဲ့ရောက်ရှိခဲ့ပြီးနောက် အကူအညီကိရိယာမပါဘဲ လမ်းလျှောက်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး အပေါ့စားလေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 


အတ္တလန္တာအသင်းနဲ့ ကစားရမယ့် ဒီနေ့ပွဲစဉ်ကို ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘတ်ပီ ပါဝင်ကစားနိုင်ဖွယ်ရှိိတယ်လို့ သိရပါတယ်။ ဇူလိုင်လ ၂၄ ရက်နေ့က ကစားခဲ့တဲ့ စိန့်အက်တီယန်နဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့လို့ အနားယူနေခဲ့ရတဲ့ ဘတ်ပီဟာ ပွဲမတိုင်ခင်မှာပဲ ဒဏ်ရာကနေ အလျင်အမြန်သက်သာလာခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။ 

အနည်းဆုံး ၃ ပတ်ခန့်အနားယူရမယ်လို့ ထင်မှတ်ခဲ့ရပေမယ့် ဘတ်ပီရဲ့ ဒဏ်ရာအခြေအနေက တိုးတက်မှုမြန်ဆန်ခဲ့တာလည်းဖြ်စပါတယ်။ ဘတ်ပီအနေနဲ့ ပေါ်တူဂီကို အသင်းနဲ့ရောက်ရှိခဲ့ပြီးနောက် အကူအညီကိရိယာမပါဘဲ လမ်းလျှောက်နိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး အပေါ့စားလေ့ကျင့်ခန်းတွေကိုလည်း ပြုလုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။ 

"ဒီနေ့ သူ ကောင်းကောင်းလေ့ကျင့်နိုင်ခဲ့မယ်ဆိိုရင် မနက်ဖြန်ကစားရမယ့်ပွဲကို သူ ပါဝင်လာပါလိမ့်မယ်" လို့ ပီအက်စ်ဂျီနည်းပြသောမတ်စ်တူချယ်လ်က ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီအတွက်တော့ အသင်းရဲ့ အဓိကကစားသမားတစ်ဦး ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခဲ့လို့ စိတ်ကျေနပ်စရာဖြစ်ခဲ့ရပြီး ပြိုင်ဘက်ကို အင်ပြည့်အားပြည့်ရင်ဆိုင်နိုင်မှာလည်းဖြစ်ပါတယ်။

အတ္တလန္တာအသင်းကတော့ စီးရီးအေမှာ တိုက်စစ်အကောင်းဆုံးအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာရော၊ လက်ရှိရာသီမှာပါ အကောင်းဆုံးခြေစွမ်းတွေကို ပြသနေတာဖြစ်ပါတယ်။ စီးရီးအေဖလားကို ပစ်မှတ်ထားနိုင်တဲ့အခြေအနေမျိုးအထိ ဒီရာသီမှာ ကြုံတွေ့ခဲ့ရပြီး ပြင်သစ်ကလပ်အတွက်တော့ လျှော့တွက်လို့ မရတဲ့ ပြိုင်ဘက်အသင်းလည်းဖြစ်ပါတယ်။ 


Author


က္က