တစ်ယောက်တစ်ဂိုးစီလည်း သွင်းနိုင်ခဲ့ကြပါတယ်။
Pyae Phyo Thein

သူတို့နှစ်ဦးကို အပြုံးတွေနဲ့ ရှားရှားပါးပါးတွေ့မြင်ခဲ့ရတာဖြစ်ပြီးတော့ အနိုင်ဂိုးကိုယ်စီလည်းသွင်းယူနိုင်ခဲ့ကြပါတယ်။


ဗီလာရီးရဲလ်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ မက်ဆီ နဲ့ ဂရစ်မန်းတို့ အတူတကွအောင်ပွဲခံခဲ့ကြပြီးတော့ သူတို့ကြားမှာ အဆင်မပြေဖြစ်နေတယ်ဆိုတဲ့ သတင်းတွေကို တုံ့ပြန်သွားခဲ့ပါတယ်။ သူတို့နှစ်ဦးကို အပြုံးတွေနဲ့ ရှားရှားပါးပါးတွေ့မြင်ခဲ့ရတာဖြစ်ပြီးတော့ အနိုင်ဂိုးကိုယ်စီလည်းသွင်းယူနိုင်ခဲ့ကြပါတယ်။

၄-၁ နဲ့ ဘာစီလိုနာက အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီး တိုက်စစ်ကစားသမား ၄ဦးက တစ်ဂိုးစီသွင်းယူပေးခဲ့ကြပါတယ်။ ဆွာရက်ဇ်၊ ဂရစ်မန်း၊ မက်ဆီနဲ့ အန်ဆူဖာတီတို့ သွင်းယူခဲ့ကြပြီး မက်ဆီကတော့ ၂ကြိမ်ဖန်တီးပေးမှုပါ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဂရစ်မန်းရဲ့ သွင်းဂိုးအတွက်လည်း သူပဲဖန်တီးပေးခဲ့တာဖြစ်ပြီး ဂိုးသွင်းအပြီးမှာ အတူတူအောင်ပွဲခံခဲ့ကြပါတယ်။

အစောပွဲအဖြစ်ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က အနိုင်ရရှိခဲ့လို့ ဘာစီလိုနာအတွက် ဒီပွဲက မဖြစ်မနေအနိုင်ရရှိဖို့ လိုအပ်နေခဲ့တာဖြစ်ပါတယ်။ ဒီအတွက်ကြောင့်လည်း အနိုင်ရဖို့ အားထုတ်ခဲ့ပြီး အဓိကကစားသမားတွေကြားမှာ သတင်းတွေထွက်နေသလိုမျိုး ပြသနာရှိနေတယ်မဟုတ်ဘူးဆိုတာကိုလည်း ဖြေရှင်းပြီးသားဖြစ်ခဲ့ကာ နောက်ပွဲစဉ်တွေအတွက်တော့ အားတက်စရာဖြစ်ခဲ့ရပါတယ်။ 

မက်ဆီကတော့ ဒီရာသီမှာ ဂိုးဖန်တီးမှု ၁၉ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပြီဖြစ်ကာ ကစားသမားဘဝမှတ်တမ်းကောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ နည်းပြဆက်တီယန်အတွက်လည်း ဖိအားတွေလျော့နည်းခဲ့ရတဲ့ပွဲဖြစ်လာခဲ့ပါတယ်။ ဒါပေမယ့် ရီးရဲလ်နဲ့တော့ လေးမှတ်အထိကွာဟနေဆဲဖြစ်ပြီးတော့ လက်ကျန်လေးပွဲက ပိုမိုပြီးအကြိတ်အနယ်ရှိလာတော့မှာဖြစ်ပါတယ်။ 


Author


က္က