ညှိနှိုင်းမှုတွေဆက်လက်ပြုလုပ်ဖို့ရှိနေပါသေးတယ်။

အင်တာမီလန်အသင်းအနေနဲ့ တိုက်စစ်နေရာအတွက် အူဘာမီယန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တာဖြစ်ပြီး ကမ်းလှမ်းမှုပြုလုပ်ဖို့ ရှိနေခဲ့တာပါ။

အာဆင်နယ်အသင်းအနေနဲ့ တိုက်စစ်မှူးအူဘာမီယန်ကို လက်လွှတ်ရဖွယ်ရှိနေခြင်းကြောင့် ကမ်းလှမ်းမှုပြုလုပ် ထားတဲ့ အင်တာမီလန်အသင်းရဲ့ တိုက်စစ်မှူးအိုင်ကာဒီကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ဒေသအဖြစ်အလိုရှိ နေတယ်လို့ အီတလီအခြေစိုက်သတင်းတွေရဲ့ဖော်ပြမှုကို thesun က ဖော်ပြလာပါတယ်။

လက်ရှိမှာ ပြင်သစ်ကလပ်ပီအက်စ်ဂျီအသင်းသို့ အငှားစာချုပ်ဖြင့်သွားရောက်ကစားနေတဲ့ အာဂျင်တီးနားတိုက် စစ်မှူးအိုင်ကာဒီကို ပြန်လည်ခေါ်ယူဖို့ အစီအစဉ်မရှိတဲ့ အင်တာမီလန်အသင်းအနေနဲ့ လာမယ့်အပြောင်းအရွှေ့ အတွင်း ရောင်းထုတ်ဖို့ ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။



အာဆင်နယ်အသင်းဘက်ကတော့ အူဘာမီယန်ကို မဖြစ်မနေထွက်ခွာခွင့်ပေးခဲ့ရပါက ပြန်လည်အစားထိုးဖို့အ တွက် ထိပ်တန်းတိုက်စစ်မှူးတစ်ဦးလိုအပ်နေတာဖြစ်ပြီး ကမ်းလှမ်းမှုများပြုလုပ်ထားတဲ့ အင်တာမီလန်နဲ့သီးသန့် ညှိနှိုင်းဖို့ ဆန္ဒရှိနေခဲ့တာလည်းဖြစ်ပါတယ်။

တစ်ပတ်လုပ်လစာပေါင် ၁၇၀,ဝဝဝအထိရရှိခဲ့စားနေတဲ့ အိုင်ကာဒီအနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစား လိုတယ်လို့ ထုတ်ဖော်ပြောဆိုမှုအချို့ကို ပြုလုပ်ထားခဲ့ဖူးသူဖြစ်ပြီး အာဆင်နယ်အသင်း၏စိတ်ဝင်စားမှုကြောင့် အူဘာမီယန်ရဲ့ အပြောင်းအရွှေ့အတွင်း အရေးပါတဲ့အခန်းကဏ္ဍတစ်ခုဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်မှုများ ရှိနေခဲ့ပါတယ်။

သတင်းဖော်ပြမှုတွေအရ အာဆင်နယ်နည်းပြအာတီတာကိုယ်တိုင်ကလည်း အိုင်ကာဒီကို စိတ်ဝင်စားနေပြီး အူ ဘာမီယန်ကို လူကာကူနဲ့တွဲဖက်အသုံးပြုလိုနေတဲ့ အင်တာမီလန်နည်းပြကွန်တီတို့ကြောင့် အပြောင်းအရွှေ့ဖြစ် ပေါ်ဖို့အခြေအနေအကောင်းဆုံးဖြစ်နေခဲ့သလို လာမယ့်အချိန်အတိုင်းအတာတစ်ခုအတွင်း ညှိနှိုင်းမှုပြုလုပ်ဖို့ရှိနေတယ်လို့လည်း Tuttosport က အခိုင်အမာဖော်ပြထားပြန်ပါတယ်။



က္က