လီဝန်ဒေါစကီးအနေနဲ့ ၉ပွဲဆက်တိုက်ဂိုးသွင်းနိုင်ပါက ဘွန်ဒက်စ်လီဂါစံချိန်သစ်ဖြစ်လာမှာပါ။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးအနေနဲ့ ပွဲစဉ်-၈အပြီးတွင် သွင်းဂိုး ၁၂ဂိုးအထိရရှိထားခဲ့တာပါ။

ဘွန်ဒက်စ်လီဂါထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်တဲ့ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးလီဝန်ဒေါစကီးဟာ အော့  စ်ဘတ်နဲ့သရေကျခဲ့တဲ့ ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးရရှိခဲ့တဲ့အတွက် ရာသီအဖွင့်  ၈ပွဲဆက်တိုက်ဂိုးသွင်း ယူ နိုင်ခဲ့တဲ့ အသင်းဖော်ဟောင်းအူဘာမီယန်ရဲ့ စံချိန်ကို လိုက်မီနိုင်ခဲ့ပြီဖြစ်တယ်လို့ as.com ရဲ့ဖော်ပြချ  က်အရ သိရပါတယ်။

လက်ရှိအာဆင်နယ်အသင်းမှာကစားနေတဲ့ ဂါဘွန်လက်ရွေးစင်တိုက်စစ်မှူးအူဘာမီယန်ဟာ ဒေါ့မွန်အ  သင်းအတွက် ကိုယ်စားပြုခဲ့တဲ့ ၂၀၁၅-၁၆ ဘောလုံးရာသီတွင် အဖွင့်ပွဲစဉ် ၈ပွဲဆက်တိုက်ဂိုးသွင်းပြီး စံ  ချိန်တင်ထားခဲ့တာပါ။



ဘွန်ဒက်စ်လီဂါပွဲစဉ်-၈ အပြီးတွင် ရမှတ် ၁၅မှတ်နဲ့အတူ အမှတ်ပေးဇယားအဆင့် ၃တွင်ရပ်တည်နေ တဲ့ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ရလဒ်ပိုင်းအရ ရုန်းကန်နေရပေမယ့် အသင်းရရှိထားတဲ့သွင်း ဂိုး၂၂ ဂိုးမှာ လီဝန်ဒေါစကီးတစ်ဦးက ၁၂ ဂိုးအထိသွင်းယူပေးထားခဲ့တာလည်းဖြစ်ပါတယ်။

လီဝန်ဒေါစကီးအနေနဲ့အခုလိုသွင်းဂိုးရရှိခဲ့တဲ့အတွက် ဒေါ့မွန်အသင်းတွင်တွဲကစားခဲ့ဖူးတဲ့အသင်းေ ဖာ် ဟောင်းအူဘာမီယန်ရဲ့စံချိန်ဟောင်းအပြင် ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက်စတုထ္ထမြောက်သွင် းဂိုးအများဆုံးကစားသမားအဖြစ်လည်း ရပ်တည်နိုင်ခဲ့တာပါ။

ဘွန်ဒက်စ်လီဂါသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး  ဟောင်းဂတ်မူလာက သွင်းဂိုး ၃၆၅ဂိုးနဲ့ စံချိန်တင်ထားတာဖြစ်ပြီး လီဝန်ဒေါစကီးအနေနဲ့ စတုထ္ထနေရာ  မှာရှိနေခဲ့တဲ့ ဝါဒါဘရီမင်တိုက်စစ်မှူးဟောင်းဘာ့ဂျ်မူလာရဲ့ ၂၁၃ဂိုးစံချိန်ကို ၂၁၄ဂိုးနဲ့ဖြတ်ကျော်ခဲ့တာ  လည်းဖြစ်ပါတယ်။ 



က္က