အနိုင်ရတာနဲ့ စီးရီးအေဖလားကို ဆွတ်ခူးနိုင်ခဲ့မှာပါ။
Pyae Phyo Thein

ဂျူဗင်တပ်စ်ဟာ အနိုင်ရတာနဲ့ အတ္တလန္တာကို လက်ကျန် ၃ပွဲအလိုမှာ ၉ မှတ်ဖြတ်နိုင်မှာဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှုအရလည်း အသာစီးရရှိထားတာကြောင့် ဆုဖလားရယူနိုင်ဖို့ အခွင့်အရေးကိုပိုင်ဆိုင်ခဲ့တာပါ။


ဂျူဗင်တပ်စ်အသင်းဟာ အူဒီးနီးအသင်းကို အဝေးကွင်းမှာ အရေးနိမ့်ခဲ့လို့ စီးရီးအေဖလားကို ၉ ကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်မယ့် အခွင့်ကောင်းနဲ့ လွဲချော်ခဲ့ရပါတယ်။ ၂-၁ နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒီပွဲကို အနိုင်ရရှိခဲ့မယ်ဆိုပါက ဆုဖလားရရှိမှာဖြစ်ပေမယ့် အရေးနိမ်ခဲ့တာကြောင့် နောက်ထပ်စောင့်ဆိုင်းရတော့မှာဖြစ်ပါတယ်။

အင်တာမီလန်က ဖီအိုရင်တီးနားနဲ့ ဂိုးမရှိသရေကျခဲ့ပြီး ဂျူဗီအတွက် အခွင့်ကောင်းဖြစ်လာခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘဲ ဖြစ်ခဲ့ရပါတယ်။ ဒီလစ်က အဖွင့်ဂိုးသွင်းယူပေးကာ ဦးဆောင်နေခဲ့ပေမယ့်လည်း အူဒီးနီးက ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပြန်လည်သွင်းယူသွားခဲ့ကာ တန်းမဆင်းရရေး ရုန်းကန်ခဲ့မှုက အောင်မြင်သွားခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်ဟာ အနိုင်ရတာနဲ့ အတ္တလန္တာကို လက်ကျန် ၃ပွဲအလိုမှာ ၉ မှတ်ဖြတ်နိုင်မှာဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံမှုအရလည်း အသာစီးရရှိထားတာကြောင့် ဆုဖလားရယူနိုင်ဖို့ အခွင့်အရေးကိုပိုင်ဆိုင်ခဲ့တာပါ။ ပွဲအပြီးမှာတော့ ဂျူဗီနည်းပြဆာရီက အသင်းအားနည်းချက်ကြောင့် အရေးနိမ့်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပြီး တည်ငြိမ်မှုရနိုင်ဖို့ ခက်ခဲခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

"မိနစ် ၉၀ အတွက် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကောင်းဆုံးဖြစ်နေဖို့ ခက်ခဲနေခဲ့ပါတယ်၊ ဒီရှုံးပွဲကနေသင်ယူပြီးတော့ နောက်ပွဲတွေမှာ အဆင်ပြေအောင် ကြိုးစားသွားရမှာပါ၊ ပထမပိုင်းကစားပုံကောငး်မွန်ခဲ့ပေမယ့် ချေပဂိုးပြန်ပေးလိုက်ရချိန်မှာ အသင်းရဲ့တုံ့ပြန်မှုက ဆိုးရွားခဲ့ပါတယ်၊ ပိုပြီးတော့ တည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်ခဲ့သင့်ပါတယ်" လို့ ဆာရီကပြောဆိုခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။


ဂျူဗင်တပ်စ်အသင်းဟာ လာမယ့်ပွဲစဉ်တွေအဖြစ် အိမ်ကွင်းမှာ ဆမ်ဒိုးရီးယား၊ အဝေးကွင်းမှာ ကယ်ဂလီယာရီ၊ အိမ်ကွင်းမှာ ရိုးမားတို့နဲ့ ကစားသွားရမှာဖြစ်ပါတယ်။ 


Author


က္က