ယူရိုပါလိဂ်ပွဲမှာလည်း အနိုင်ရခဲ့တာပါ။
Pyae Phyo Thein

ဒီနေ့ နံနက်ပိုင်းမှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းဟာ အဇာဘိုင်ဂျန်ကလပ် ကာရာဘတ်အသင်းကို အဝေးကွင်းမှာ (၃)ဂိုးပြတ်နဲ့ နိုင်ပွဲရရှိခဲ့ပါတယ်။ ယူရိုပါလိဂ် အုပ်စုပွဲ (၂)ပွဲကန်အပြီးမှာ အာဆင်နယ်က (၂)ပွဲစလုံးကို အနိုင်ရထားတာလည်း ဖြစ်ပါတယ်။



Photo : MNNOFA NEWS

 

အာဆင်နယ်အတွက် အနိုင်ဂိုးတွေကို ပါပါစတာဒိုပူးလော့စ်က ပွဲချိန် (၅)မိနစ်၊ (၅၃)မိနစ်မှာ စမစ်ရိုဝီ နဲ့ (၇၉)မိနစ်တို့မှာ လူငယ်ကစားသမား ဂွမ်ဒေါင်ဇီတို့က သွင်းယူပေးခဲ့တာပါ။ လူငယ်ကစားသမားတွေ နဲ့ ဝါရင့်ကစားသမားအချို့ကို ပေါင်းစပ်ထားတဲ အာဆင်နယ်ဟာ အဝေးကွင်းမှာ လွယ်ကူတဲ့ နီုင်ပွဲတစ်ခုကို ရရှိခဲ့ပါတယ်။

Photo : Scoopnest.com

 

အာဆင်နယ်ကတော့ အရန်ကစားသမားတွေနဲ့ လူငယ်ကစားသမားတွေကို တွဲဖက်အသုံးပြုသွားပြီး အဝေးကွင်းမှာ နိုင်ပွဲရခဲ့ပါတယ်။ လာကာဇက်၊ အော်ဘာမီယန်၊ အိုဇေးလ် ၊ ရမ်ဆေး မူစတာဖီ အစရှိတဲ့ အဓိကကစားသမားတွေကို အူနိုင်းအမ်မရီက အနားပေးခဲ့တာပါ။ မစ်ခီတာရန်ကတော့ အာမေးနီးယား နဲ့ အဇာဘိုင်ဂျန်တို့ကြား နိုင်ငံရေးပြသနာတွေကြောင့် ဒီပွဲကို လိုက်ပါသွားခဲ့ခြင်းမရှိပါဘူး။

Photo : Flipboard

ဒီနိုင်ပွဲဟာ အူနိုင်းအမ်မရီလက်ထက် အာဆင်နယ်ရဲ့ (၈)ပွဲဆက်တိုက် နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ ရာသီအစ ပရီးမီးယားလိဂ်ပွဲစဉ် (၂)ပွဲမှာ မန်စိးတီး နဲ့ ချယ်လ်ဆီးတို့ကို ရှုံးနိမ့်ပြီးနောက် အာဆင်နယ်ဟာ ရှုံးပွဲမရှိသေးတာ ဖြစ်ပါတယ်။ အမ်မရီအနေနဲ့ အာဆင်နယ်ကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့တာ ဖြစ်ပြီး ပုံစံမှန်ရနေတဲ့ အာဆင်နယ်တို့ ဂိုးပြတ်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

Photo : GQBuzz.com

 

ပြိုင်ပွဲစုံ (၈)ပွဲ ကစားခဲ့အပြီး (၈)ပွဲစလုံးကို အနိုင်ရရှိခဲ့တာကြောင့် အူနိုင်းအမ်မရီလက်ထက်မှာ အာဆင်နယ်ရဲ့ တည်ငြိမ်တဲ့ ပုံစံကို မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ အာဆင်နယ်ကတော့ ယူရိုပါလိဂ် အုပ်စုပွဲစဉ် (၃)အဖြစ် စပို့တင်းလစ္စဘွန်းနဲ့ နောက်ပွဲစဉ်မှာ ကစားရမှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က