ဆွစ်ဇာလန်အသင်းနည်းပြက ချီးကျူးခဲ့တာပါ။

တောင်ပံတစ်လျှောက်မှာ လျင်လျင်မြန်မြန်နဲ့ ပြေးလွှားကစားနိုင်တဲ့ ဒန်နီရယ်ဂျိမ်းစ်ရဲ့ ကစားပုံကို မာကိုရော့စီက သဘောကျနှစ်ခြိုက်နေခဲ့ပြီး အူစိန်ဘော့ နဲ့ ရော်နယ်ဒိုတို့ကို သတိရမိစေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။


မန်ချက်စတာယူနိုက်တက်အသင်းက အသစ်ခေါ်ယူထားခဲ့တဲ့ ဆွမ်ဆီးတောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်ဟာ နာမည်ကျော်အပြေးသမား အူစိန်ဘော့၊ ဘရာဇီးလ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုတို့နဲ့ ခိုင်းနှိုင်းချီးကျူးမှုကို ခံခဲ့ရပါတယ်။ ဆွစ်ဇာလန် နဲ့ ဝေးလ်တို့ရဲ့ ယူရိုခြေစစ်ပွဲမတိုင်ခင်မှာ ဆွစ်ဇာလန်နည်းပြ မာကိုရော့စီက ချီးကျူးပြောဆိုခဲ့တာ ဖြစ်ပါတယ်။



ဆွမ်ဆီးကနေ ယူနိုက်တက်ကို ပေါင် (၁၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဒန်နီရယ်ဂျိမ်းစ်ဟာ ဝေးလ်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခံထားရသူ ဖြစ်ပါတယ်။ တောင်ပံတစ်လျှောက်မှာ လျင်လျင်မြန်မြန်နဲ့ ပြေးလွှားကစားနိုင်တဲ့ ဒန်နီရယ်ဂျိမ်းစ်ရဲ့ ကစားပုံကို မာကိုရော့စီက သဘောကျနှစ်ခြိုက်နေခဲ့ပြီး အူစိန်ဘော့ နဲ့ ရော်နယ်ဒိုတို့ကို သတိရမိစေတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

"ဂျိမ်းစ်ရဲ့ လျင်မြန်မှုက အူစိန်ဘော့ကို မြင်ယောင်စေမိပါတယ်၊ အူစိန်ဘော့လို လျင်မြန်ဖို့က တကယ်ကို မလွယ်ကူနိုင်ပါဘူး၊ ဂျိမ်းစ်ရဲ့ အရှိန်အဟုန်နဲ့ တိုးတက်လာမှုက တကယ်ကို ထူးခြားပါတယ်၊ ယူနိုက်တက်က သူ့ကို ဒါကြောင့်ပဲ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်၊ ကျွန်တော် ကစားသမားဘဝမှာ အရမ်းမြန်ဆန်တဲ့ ကစားသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ဖူးပါတယ်"

"ကျွန်တော့်အတွက် မာရာဒိုနာ ပြီးရင် ရော်နယ်ဒိုက အမြန်ဆုံးပါပဲ၊ သူ့ရဲ့ လျင်မြန်ပုံက ဒန်နီရယ်ဂျိမ်းစ်လိုပါပဲ၊ ဒါပေမယ့် သူတို့နှစ်ဦးကြားမှာ အရည်အသွေးပိုင်း၊ ကျွမ်းကျင်မှုပိုင်းတော့ နည်းနည်းလေးကွာခြားပါတယ်" လို့ ရော့စီက ပြောခဲ့ကြောင်း Goal.com က ဖော်ပြခဲ့ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ ယူနိုက်တက်နဲ့ ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်လို့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာ ယူနိုက်တက်နဲ့ ပူးပေါင်းနိုင်တော့မှာဖြစ်ပါတယ်။ သူ့ရဲ့ လျင်မြန်တဲ့ကစားဟန်နဲ့ တောင်ပံတိုက်စစ်မှာ ကောင်းကောင်းကစားနိုင်တဲ့ အရည်အသွေးက ယူနိုက်တက်ရဲ့ နာမည်ကျော်တောင်ပံတိုက်စစ်ကစားဟန်ကို ပြန်လည်အသက်သွင်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။



က္က