မွေးနေ့ပွဲအပြီးမှာ အူစိန်ဘော့မှာ ကိုဗစ်တွေ့ခဲ့တာပါ။
Kyaw Ko Ko Sint

အူစိန်ဘော့မှာ ကိုဗစ်တွေ့ခဲ့ပြီလို့ သတင်းထုတ်ပြန်လာတာကြောင့် အနီးကပ်ရှိခဲ့တဲ့ စတားလင်းနဲ့ အခြား သူငယ်ချင်းတွေကိုလည်း အူစိန်ဘော့က ဆက်သွယ်ပြီး သီးသန့်နေဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

တာတိုအပြေးဘုရင် အူစိန်ဘော့ရဲ့ ဂျမေကာမှာ ပြုလုပ်ခဲ့တဲ့ မွေးနေ့ပွဲကို သွားခဲ့တဲ့စတားလင်းကြောင့် အင်္ဂလန် နည်းပြ ဆောက်ဂိတ်အတွက် နောက်ထပ် ခေါင်းခဲစရာ ထပ်ပေါ်လာခဲ့ပြန်ပါပြီ။

အူစိန်ဘော့ကတော့ သူ့ရဲ့ ၃၄နှစ်ပြည့်မွေးနေ့ပါတီပွဲကို ဂျမေကာမှာ ကျင်းပခဲ့ပေမယ့် ကိုဗစ်နဲ့အညီ မျက်နှာဖုံး မတပ်သလို တစ်ဦးနဲ့တစ်ဦးအကြားလည်း သတ်မှတ်အကွာအဝေးမှာ မနေထိုင်ခဲ့ကြပါဘူး။


မနေ့ကတော့ အူစိန်ဘော့မှာ ကိုဗစ်ရောဂါပိုးတွေ့တယ်လို့ သတင်းထုတ်ပြန်လာပြီး နေအိမ်မှာ သီးသန့် နေထိုင်ဖို့ ညွှန်ကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

ပါတီပွဲပြီးကတည်းက အူစိန်ဘော့က သူ့အနေနဲ့ ကိုဗစ် စစ်ချက်အဖြေကို စောင့်နေပြီး တစ်ချိန်တည်းမှာပဲ ပွဲမှာ ပါဝင်ခဲ့တဲ့အင်္ဂလန်လက်ရွေးစင် စတားလင်းအပါအဝင် သူငယ်ချင်းတွေအားလုံးကို ဆက်သွယ်ပြီး သီး သန့် နေကြဖို့ တိုက်တွန်းထားတယ်လို့လည်း ဆိုပါတယ်။

“ဒီမနက်ဆိုရှယ်မီဒီယာဖွင့်လိုက်တာနဲ့ ကျွန်တော့မှာ ကိုဗစ်ရှိတယ်လို့ သိလိုက်ပါပြီ။အလုပ်ရှိလို့ စနေနေ့က စစ်လိုက်ပါတယ်၊ပိုးတွေ့ပါတယ်၊ဒီအတွက် တာဝန်အပြည့်ရှိပါတယ်၊အားလုံးအတွက် ကျွန်တော်အိမ်မှာပဲ နေ နေပါတယ်။ကျန်းမာရေး ဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်ကိုလည်း စောင့်နေပါတယ်။”လို့ အူစိန်ဘော့က ပြော လာပါတယ်။

ကွာရန်တင်းဝင်ရမယ်ဆိုရင် အနည်းဆုံး ၁၄ရက်ကြာနေရမှာ ဖြစ်ပြီး စတားလင်းက နောက်လထဲမှာ ကစား မယ့်အင်္ဂလန်အသင်းရဲ့ နေးရှင်းလိဂ် ပွဲစဥ် လူစာရင်းအတွက် အဓိက ကစားသမားတစ်ဦး ဖြစ်နေပါတယ်။

ဒါပေမယ့် နည်းပြဆောက်ဂိတ်အနေနဲ့ ကိုဗစ်တွေ့ထားတဲ့သူနဲ့ အနီးကပ်ရှိထားတဲ့ စတားလင်းကို အသင်းလူ စာရင်းမှာ ရွေးချယ်ဖို့ အခက်တွေ့နေပါပြီ။

လူစာရင်းကိုလည်း သြဂုတ်လ ၂၅ရက်နေ့(ဒီနေ့)မှာ ထုတ်ပြန်မယ်လို့ သတင်းထွက်ပေါ်ထားပြီး နောက်ထပ် တစ်ဦးဖြစ်တဲ့ မက်ဂွိုင်းယားကိုလည်း ဂရိမှာ ရန်ဖြစ်ထားခဲ့လို့ ရွေးချယ်ရေး မရွေးချယ်ရေး ခေါင်းခဲနေချိန်မှာ စတားလင်း အမှုက နောက်ထပ် ခေါင်းခဲစရာ ဖြစ်လာတာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က