ပေါင် ၂၃သန်းလောက်ရရင်ပဲ ‌ရောင်းမယ်လို့ Calcio Marcato သတင်းဌာနက ဖော်ပြလာပါတယ်။
Kyaw Ko Ko Sint

ရမ်ဆေးဟာ ဂျူဗင်တပ်အသင်းမှာ ၃၅ပွဲကစားရာမှာ ၅ဂိုးသာ သွင်းယူပေးနိုင်ခဲ့သလို နည်းပြသစ် ပီယာလိုရဲ့ မျက် စိကျခြင်းကိုလည်း မခံခဲ့ရတာကြောင့် အခုလို အသင်းပြောင်းဖို့ ဖြစ်လာတာပါ။

အာဆင်နယ်အသင်းကနေ ဂျူဗင်တပ်အသင်းကို အလွတ်ပြောင်းသွားတဲ့ ရမ်ဆေးဟာ အသင်းနဲ့အတူ တစ်ရာသီ သာ ဖြတ်သန်းခွင့်ရခဲ့ပြီး အခုဆိုရင်တော့ အရောင်းစာရင်းမှာ ပါဝင်လို့ လာပါပြီ။

ရမ်ဆေးအတွက် ပေါင် ၂၃သန်း ရရင်ကို ရောင်းထုတ်ဖို့ စီစဥ်ထားပြီး နည်းပြသစ်ဖြစ်လာတဲ့ ပီယာလိုက သူ့ရဲ့ အနာဂတ် အစီအစဥ်မှာ ရမ်ဆေးကို မလိုအပ်တာကြောင့်လို့လည်း သိရပါတယ်။

ရမ်ဆေးကိုတော့ ပရီးမီးယားလိဂ်က လန်ဒန်ကလပ်တွေဖြစ်တဲ့ ပဲလေ့စ့်နဲ့ ဝက်စ်ဟမ်းတို့က စိတ်ဝင်စားနေကြပေ မယ့်လည်း တရားဝင် ကမ်းလှမ်းမှုတော့ ပြုလုပ်လာခြင်း မရှိသေးပါဘူး။

ရမ်ဆေးအနေနဲ့ကတော့ မနှစ်က အသင်းနဲ့ အတူ ၃၅ပွဲကစားခွင့်ရခဲ့ပေမယ့် ၅ဂိုးသာ သွင်းယူပေးနိုင်ခဲ့တာကြောင့် လည်း နည်းပြသစ် ပီယာလိုရဲ့ မျက်စိကျခြင်းကို မခံရတာ ဖြစ်ပါတယ်။

အရင် အာဆင်နယ်မှာ ရှိစဥ်တုန်းကတော့ ရမ်ဆေးဟာ ပရိသတ်တွေနဲ့ အခြားအသင်းကြီးတွေကြားမှာ မျက်စိကျ ခြင်း ခံခဲ့ရသူ တစ်ဦးဖြစ်ပြီး အသင်းနဲ့အတူ အောင်မြင်မှု ဆုဖလားတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်ပျောက်ဆုံးလာတဲ့ အာဆင်နယ်ကို စွန့်ခွာပြီး ရော်နယ်ဒိုရှိရာ ဂျူဗင်တပ်ကို ပြောင်းသွားခဲ့တဲ့ ရမ်ဆေးတစ်ယောက် အသွားမတော်တစ်လှမ်းဖြစ်နေခဲ့ပါပြီ။

ဂျူဗင်တပ်နည်းပြ ပီယာလိုအနေနဲ့ အသင်းကို ဆက်လက်မောင်းနှင်ရာမှာ ကွင်းလယ်အင်ဂျင်ပိုင်းကို ဘာစီလိုနာ အသင်းက အာသာမယ်လိုကို ပီယာနစ်နဲ့ အလဲအထပ်ပြုလုပ်ခေါ်ဆောင်ထားပြီးလည်း ဖြစ်ပါတယ်။

ရမ်ဆေးတစ်ယောက် နေရာပျောက်ဆုံးနေတဲ့ ဂျူဗင်တပ်မှာပဲ ဆက်နေမလား ကစားခွင့်ရမယ့် အသင်းတစ်သင်း သင်းကိုပဲ ပြောင်းဖြစ်မလား စိတ်ဝင်စားဖွယ်ကောင်းပေမယ့် သေချာတာကတော့ အသွားမတော် တစ်လှမ်းဖြစ် သွားခဲ့ရတယ်လို့ သုံးသပ်ရမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က