လေးမှတ်အကွာနဲ့ ဘိုင်ယန်ကို ဖိအားပေးနေဆဲဖြစ်ပါတယ်။

ဒီည ၁၁ နာရီမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ဖရန့်ဖတ်တို့ ဆက်လက်ကစားမှာဖြစ်ပြီး ဒေါ့မွန်အနိုင်ရထားလို့ ဘိုင်ယန်အတွက် မဖြစ်မနေနိုင်ပွဲရဖို့က လိုအပ်ခဲ့ပြီဖြစ်ပါတယ်။ 


ဒေါ့မွန်ကတော့ အဝေးကွင်းမှာ ဝုလ်ဘတ်ကို အနိုင်ယူပြီး နိုင်ပွဲဆက်သွားခဲ့ပါတယ်။ ခြေစွမ်းအတက်ပိုင်းရောက်နေတဲ့ ဝုလ်ဘတ်ကို အနိုင်ရခဲ့လို့ ကျေနပ်စရာဖြစ်ခဲ့ရသလို ဘိုင်ယန်မြူးနစ်ကိုလည်း ဖိအားပေးနိုင်ဆဲဖြစ်ပါတယ်။ နှစ်သင်းစလုံးက နောက်ဆုံးကစားခဲ့တဲ့ လေးပွဲမှာ ရှုံးပွဲမရှိခဲ့တဲ့ အသင်းတွေဖြစ်ခဲ့လို့ ပွဲကောင်းတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဝုလ်ဘတ်ရဲ့ ဖိအားပေးမှုတွေကြောင့် ဒေါ့မွန်ကစားရခက်ခဲ့ပေမယ့် အခွင့်အရေးရချိန်မှာ အသုံးချနိုင်ခဲ့လို့ အနိုင်ရခဲ့တာပါ။ သတင်းတွေထွက်ခဲ့သလိုမျိုးပဲ ဝှစ်ဆဲလ်နဲ့ မာကိုရူးစ်တို့မပါဝင်ခဲ့ဘဲ ဆန်ချိုကလည်း အရန်ခုံမှာပဲဆက်ရှိနေခဲ့ကာ ပွဲထွက်စာရင်းကိုတော့ အကောင်းဆုံးလူစာရင်းနဲ့ ဖာဘရီက ကစားခဲ့ပါတယ်။

ဒေါ့မွန်ရဲ့ အစွန်ခံစစ်ကစားသမားတွေဖြစ်တဲ့ ဂွာရဲရိုး နဲ့ ဟာကီမီတို့ တိုက်စစ်ကိုလိုက်ပါပုံကောင်းမွန်ခဲ့သလို ဟာဇက် နဲ့ ဘရန့်တ်တို့ကလည်း ကွင်းလယ်တိုက်စစ်အတွက် တာဝန်ကျေခဲ့ပါတယ်။ ၀ါရင့်ကွင်းလယ်လူဒီလာနေးကတော့ တိုက်စစ်ရော၊ခံစစ်မှာပါ ခြေစွမ်းပြကစားသွားခဲ့ပြီး အသင်းကို ထိန်းကျောင်းနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ဝုလ်ဘတ်တို့ အခွင့်အရေးတွေ လွဲချော်ခဲ့ရလို့ နစ်နာခဲ့ရသလို မြေမကျကန်သွင်းချက်ကိုလည်း ဒေါ့မွန်ဂိုးသမားကာကွယ်နိုင်ခဲ့ပါတယ်။ ဒေ့ါမွန်အတွက် အနိုင်ဂိုးတွေကိုတော့ နောက်ခံလူဂွာရဲရိုးနဲ့ လူစားဝင်ကစားသမားဆန်ချိုရဲ့ ဖန်တီးပေးမှုကနေ ဟာကီမီက သွင်းယူပေးခဲ့လို့ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ 

အခြားပွဲတွေမှာတော့ လေဗာကူဆင်က ဂလာဘတ်ကို ၃-၁ ၊ ၀ါဒါဘရီမင်က ဖရိုင်းဘတ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ပါဒါဘွန်းနဲ့ ဟော့ဖန်ဟိမ်းတို့ကတော့ တစ်ဂိုးစီသရေကျခဲ့ပါတယ်။ ဒီည ၁၁ နာရီမှာတော့ ဘိုင်ယန်မြူးနစ်နဲ့ ဖရန့်ဖတ်တို့ ဆက်လက်ကစားမှာဖြစ်ပြီး ဒေါ့မွန်အနိုင်ရထားလို့ ဘိုင်ယန်အတွက် မဖြစ်မနေနိုင်ပွဲရဖို့က လိုအပ်ခဲ့ပြီဖြစ်ပါတယ်။ 



က္က