ကိုယ်အလေးချိန်မြင့်တက်နေပြန်ပြီဖြစ်ပါတယ်။
Pyae Phyo Thein

ဟာဇက်ဟာ အသင်းကိုပြန်လည်ရောက်ရှီလာချိန်မှာ ကိုယ်အလေးချိန်မြင့်တက်နေပြီး ပြီးခဲ့တဲ့ရာသီက အသင်းပြောင်းရွှေ့ခဲ့စဉ်ကလိုပဲ အဆိုပါပြသနာကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ ဟာဇက်ကြောင့် စိတ်ပျက်နေရပြီဖြစ်ပါတယ်။ ဘယ်လ်ဂျီယံနဲ့အတူ နေးရှင်းလိဂ်ပွဲတွေအတွက် သွားရောက်ပူးပေါင်းခဲ့တဲ့ ဟာဇက်ဟာ အသင်းကိုပြန်လည်ရောက်ရှီလာချိန်မှာ ကိုယ်အလေးချိန်မြင့်တက်နေပြီး ပြီးခဲ့တဲ့ရာသီက အသင်းပြောင်းရွှေ့ခဲ့စဉ်ကလိုပဲ အဆိုပါပြသနာကိုရင်ဆိုင်နေရပြီဖြစ်ပါတယ်။

ဟာဇက်ကို ချယ်လ်ဆီးကနေ မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးချေကာ ခေါ်ယူခဲ့ပြီး မျှော်လင့်ချက်ကြီးမားစွာထားရှိခဲ့ပေမယ့် ကစားသမားကတော့ ခြေစွမ်းမပြနိုင်ဘဲ ရုန်းကန်ခဲ့ရပါတယ်။ ဒဏ်ရာပြသနာတွေလည်းရှိခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၂၀ ပွဲကစားခဲ့ရာမှာ တစ်ဂိုးသာသွင်းယူနိုင်ခဲ့အထိ ဟာဇက်ရဲ့ ခြေစွမ်းက ကျဆင်းနေခဲ့ပါတယ်။ 

ဘယ်လ်ဂျီယံအသင်းမှာလည်း ဟာဇက်ကို နည်းပြမာတီနက်ဇ်က ကြံ့ခိုင်မှုပြည့်ဝဖို့လိုအပ်တယ်လို့ ယူဆကာ ပွဲကစားခွင့်မပေးခဲ့ဘူးလို့ သိရပါတယ်။ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေခဲ့ရာမှာ ဟာဇက်ရဲ့ ဗိုက်မှာ အဆီတွေရှိနေတာကို ထင်ထင်ရှားရှားမြင်တွေ့ခဲ့ရပြိး ဒီအနေအထားက ဇီဒန်းကို တော်တော်လေးစိတ်ပျက်စေလိမ့်မယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။ 


ဟာဇက်အနေနဲ့ အသင်းဖော်တွေနဲ့ တူညီတဲ့ပုံစံမျိုးရရှိဖို့ နှစ်ပတ်ကနေ သုံးပတ်အထိ အပြင်းအထန်လေ့ကျင့်ဖို့ လိုအပ်နေပြီး လက်ရှိပုံစံကိုမပြောင်းလဲနိုင်ပါက ပွဲထွက်ခွင့်ပါ ဆုံးရှုံးဖွယ်ရှိနေပါတယ်။ ချယ်လ်ဆီးမှာ ပြသခဲ့တဲ့ခြေစွမ်းမျိုးကို ပြန်လည်ရရှိဖို့ ဟာဇက်အတွက် တော်တော်လေးခဲယဉ်းနေပြီး ကြံ့ခိုင်မှုအပို်င်းမှာပါ မေးခွန်းထုတ်စရာတွေက ရှိလာခဲ့ပါပြီ။ 




Author


က္က