အောက်တိုဘာ ၂၆ နူးကမ့်ကွင်းမှာ ကစားဖို့ စီစဉ်ထားခဲ့တာပါ။

ရီးရဲမက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ကြား ယခုရာသီမှာ ပထမဆုံးတွေ့ဆုံယှဉ်ပြိုင်ရမယ့် အယ်ကလက်စီကိုပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်း စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့တယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။

စပိန်အစိုးရက ၂၀၁၇ ခုနှစ် ကတ်တလန်လွတ်လပ်ရေးဆန္ဒမဲခံယူပွဲမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ကတ်တလန်ခွဲထွက်ရေးခေါင်းဆောင် ၉ ဦးကို ကာလရှည်ထောင်ဒဏ်ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ဘာစီလိုနာမြို့မှာ အဓိကရုဏ်းတွေ ဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပါတယ်။



ခွဲထွက်ခွင့်လိုလားသူ နိုင်ငံရေးသမားတွေဟာ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဘာစီလိုနာမြို့အတွင်း ဆန္ဒုပြပွဲတွေ ပြုလုပ်ဖို့အတွက် လံှုံ့ဆော်ခဲ့ကြပြီး ယင်းနေ့မှာ ဘာစီလိုနာအသင်းက လာလီဂါထိပ်သီးပြိုင်ဘက် ရီးရဲမက်ဒရစ်ကို နူးကမ့်မှာ လက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လာလီဂါဥက္ကဌ ဇေးဘီးယားတီဘက်စ်က ပွဲကျင်းပရေးကော်မတီကို ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားမယ့် အယ်ကလက်စီကိုပွဲစဉ်ကို အောက်တိုဘာလ ၂၆ ရက်နေ့အစား ဒီဇင်ဘာလ ၇ ရက်နေ့ကို ရွှေ့ဆိုင်းဖို့ အကြံပြုခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ဟာ ဒီဇင်ဘာလ ၉ ရက်နေ့မှာ ချန်ပီယံလိဂ်ပွဲစဉ် ကစားဖို့ ရှိနေပြီး လက်ရှိအချိန်မှာတော့ စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ်က ကတ်တလန်ပြည်နယ်မှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် အယ်ကလက်စီကိုပွဲစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်တယ်လို့ အတည်ပြုခဲ့တာဖြစ်ပါတယ်။



က္က