၁၇ နှစ်အကြာမှာ ပထမဆုံး ဂိုးမရှိသရေပွဲ ဖြစ်လာပါတယ်။
Kyaw Ko Ko Sint

အယ်ကလက်စီကို ဒါဘီမှာ နောက်ဆုံးအကြိမ် ဂိုးမရှိသရေကျထားတာ ၂၀၀၂ ခုနှစ်က ဖြစ်လို့ အခုတစ်ကြိမ်က ၁၇ နှစ်အကြာမှာ ပထမဆုံး ဂိုးမရှိသရေပွဲဖြစ်လာပါတယ်။

၁၇၉ ကြိမ်မြောက်တွ့ဆုံခဲ့တဲ့ အယ်ကလက်စီကို ဒါဘီပွဲကတော့ ဂိုးမရှိ သရေရလဒ်နဲ့ ပြီးဆုံးခဲ့တာကြောင့် နှစ်သားကြား ရမှတ်ကွာဟမှု မရှိသေးပဲ ရမှတ်တူ အဆင့် ၁ နဲ့ ၂ မှာ မူလအတိုင်း ဆက်ရှိနေကြပါတယ်။



နှစ်သင်းကြား ရမှတ်တူအနေအထားမှာ ဘာစီလိုနာက ရီးရဲမက်ဒရစ်အသင်းထက် ၂ ဂိုးသာ အနေအထားနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာလည်း ဖြစ်ပါတယ်။

ပွဲအပြီးမှာတော့ စံချိန်ကောင်းတင်နိုင်သူတွေ ရှိခဲ့သလို စံချိန်မှတ်တမ်းဆိုးတွေကို ပိုင်ဆိုင်ခဲ့သူတွေလည်း ရှိလာတဲ့ အကြောင်း BBC SPORT သတင်းဌာနကဖော်ပြလာပါတယ်။

ဒီဇင်ဘာ ၂၀၁၁ ကစပြီး ဘာစီလိုနာနဲ့ တွေ့ဆုံထားတဲ့ လာလီဂါ ၇ပွဲဆက်မှာ ရီးရဲအသင်းဟာ နိုင်ပွဲ လုံးဝမရှိသေးပဲ ၃ ပွဲသရေ ၄ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။

ဒါပေမယ့် ရီးရဲအသင်းခေါင်းဆောင် ရာမို့စ်ကတော့ အယ်ကလက်စီကိုပွဲကို ၄၃ ပွဲထိ ပါဝင်ကစားနိုင်ခဲ့တာကြောင့် အယ်ကလက်စီကိုပွဲ အများဆုံး ပါဝင်ကစားနိုင်သူ ဖြစ်လာခဲ့ပါပြီ။

နည်းပြ ဇီဒန်းဟာဆိုရင်လည်း နူးကမ့်ကို လိုက်ကစားတဲ့ ပြိုင်ပွဲစုံ ၅ ပွဲစလုံးကို မရှုံးအောင် ကစားထားနိုင်ခဲ့ပြီး ၂ ပွဲ နိုင် ၃ ပွဲသရေ စွမ်း‌ဆောင်နိုင်မှုကြောင့် ရီးရဲအသင်းရဲ့ နည်းပြတွေ သမိုင်းမှာ ဘာစီလိုနာကွင်းမှာ မရှုံးသေးတဲ့ စံချိန်ကို အကြာဆုံးတင်ထားနိုင်သူ ဖြစ်လာခဲ့ပါပြီ။



ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီအတွက်တော့ အခုပွဲမှာ ဂိုးသွင်းနိုင်ခြင်းမရှိသလို ဂိုးဖန်တီးပေးနိုင်ခြင်းလည်း မရှိတာက ရီးရဲနဲ့တွေ့တဲ့ နောက်ဆုံး ၄ ပွဲမှာ ပထမဆုံး အကြိမ်လည်း ဖြစ်လာခဲ့ပါတယ်။

အယ်ကလက်စီကို ဒါဘီမှာ ဂိုးမရှိသရေကျခဲ့တဲ့ နောက်ဆုံးပွဲက ၂၀၀၂ နိုဝင်ဘာတုန်းက ဖြစ်လို့ ရက်ပေါင်း ၆၂၃၅ရက်အကြာမှာ ပထမဆုံးအကြိမ် ဂိုးမရှိသရေ ပြန်ဖြစ်တာလို့ဆိုရမှာပါ။

လာမယ့် စနေ၊တနင်္ဂနွေနေ့တွေမှာတော့ ဘာစီလိုနာက အလာဗက်စ်အသင်းကို အိမ်ကွင်းဧည့်ခံ ကစားရဖို့ရှိနေ လို ရီးရဲကလည်း ဘီလ်ဘာအိုအသင်းကို အိမ်ကွင်းမှာပဲ လာလီဂါပွဲအဖြစ် ဆက်လက်ကစားရမှာပါ။


ဆက်စပ်အကြောင်းအရာများ


Author


က္က