ဒီကနေ့ညမှာ ကစားမှာပါ။

အောက်တိုဘာ ၂၆ မှာ ကစားခဲ့ရမယ့် ပွဲကို ပွဲရွှေ့ပြီး အခုမှ ပြန်လည်ကစားတဲ့ အယ်ကလက်စီကို ဒါဘီပွဲ ဖြစ်ပါ တယ်။

ဒီညမှာ ကစားမယ့် ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်တို့ရဲ့ အယ်ကလပ်စီကို ဒါဘီပွဲမှာတော့ ရီးရဲ အသင်းခေါင်းဆောင် ရာမို့စ်နဲ့ နည်းပြ ဇီဒန်းတို့အတွက် အင်မတန် အရေးပါတဲ့ ပွဲတွေ ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။



BBC SPORTရဲ့ ဖော်ပြချက်အရ အသင်းခေါင်းဆောင် ရာမို့စ်အနေနဲ့ အခုပွဲကို ပါဝင်ကစားခွင့်ရခဲ့မယ်ဆိုရင် အယ်ကလက်စီကို ဒါဘီမှာ ပွဲအများဆုံး ပါဝင်ကစားထားနိုင်သူ ဖြစ်လာတော့မှာပါ။



စုစုပေါင်း ၄၃ ပွဲ ကစားနိုင်လာမှာဖြစ်ပြီး ၄၂ ပွဲစီ ကစားထားသူတွေကတော့ မာနိုလိုဆန်ချီ၊ဖရန်စ္စကိုဂျန်ကိုနဲ့ ဇာဗီတို့ပဲ ဖြစ်ပါတယ်။

အလားတူပဲ နည်းပြ ဇီဒန်းအနေနဲ့ ရီးရဲနည်းပြ တစ်လျှောက် နူးကမ့်မှာ တွေ့ဆုံထားတဲ့ ၄ ပွဲမှာ ၂ ပွဲနိုင် ၂ ပွဲသရေ ကျအောင်ကစားထားနိုင်တာကြောင့် အခုပွဲမှာ ထပ်မံ အရေးမနိမ့်အောင် ကစားနိုင်မယ်ဆိုရင်တော့ အယ်ကလက်စီကို အဝေးကွင်း ၅ ပွဲဆက် မရှုံးအောင်ကစားနိုင်တဲ့ ပထမဆုံး ရီးရဲ နည်းပြ ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

မနှစ်က အယ်ကလက်စီကို ဒါဘီပွဲအဖြစ် ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်းမှာ တွေ့ဆုံခဲ့တုန်းကတော့ ဘာစီလိုနာက ၅-၁ နဲ့ အနိုင်ယူထားပါတယ်။

Share

Loading Next Article...
က္က