လက်ရှိမှာလည်း ဒဏ်ရာကြောင့် အနားယူနေရပါတယ်။

နေမာအနေနဲ့မန်ယူကို ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်၁၆ သင်းအဆင့်မှာ ပြိုင်ပွဲတာဝန်ရှိသူတွေကို ပြစ်တင် ဝေဖန်ခဲ့တာကြောင့် အခုလို ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လာမယ့် ၂၀၁၉-၂၀ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ ပီအက်စ်ဂျီ တိုက်စစ်မှူး နေမာကို ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ထားပြီး အယူခံဝင်ခွင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့တာကြောင့် နေမာအနေနဲ့ အယူခံဝင်ခဲ့ပေမယ့် မအောင်မြင်ပဲ ပယ်ချခံရပါ တယ်။

ဒါကြောင့် နေမာအနေနဲ့ လာမယ့် ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အုပ်စုတွင်း ပွဲစဉ်တစ်ဝက်ကို ကစားခွင့်သေချာပေါက် လွဲချော်တော့မှာ ဖြစ်တယ်လို့ BBC SPORT ကဖော်ပြလာပါတယ်။

နေမာကို ယူအီးအက်ဖ်အေက အခုလို ပွဲပယ် ပြစ်ဒဏ်ချမှတ်ခဲ့တာကတော့ နေမာအနေနဲ့ မနှစ်က ချန်ပီယံလိဂ်၁၆သင်းအဆင့်မှာ မန်ယူကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရချိန် ပြိုင်ပွဲတာဝန်ရှိသူတွေကို ပြစ်တင်ဝေဖန်ခဲ့ တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

နေမာက ပွဲချိန် ၉၄ မိနစ်ကျမှ အရေးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာဟာ အရှက်ရစရာ ဖြစ်ခဲ့တယ်လို့ ဆိုခဲ့ပြီး မန်ယူ အသင်းဖက်ကို ပေးခဲ့တဲ့ ပင်နယ်တီအပေါ်မှာလည်း မပေးခဲ့သင့်ဘူးလို့ ဝေဖန်ခဲ့တာပါ။

ဒါကြောင့် နေမာအနေနဲ့ ယူအီးအက်ဖ်အေရဲ့ ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရပြီး လက်ရှိမှာ အယူခံဝင်ခဲ့ပေ မယ့်လည်း ထပ်မံ ပယ်ချခံခဲ့ရတာပါ။

မန်ယူကို ရှုံးခဲ့စဉ်က နေမာအနေနဲ့ ခြေဖဝါးရိုးကျိုးဒဏ်ရာရရှိနေလို့ မပါဝင်နိုင်ခဲ့သလို လက်ရှိမှာလည်း ခြေကျင်းဝတ်ဒဏ်ရာကြောင့် အနားယူနေရသူ ဖြစ်ပါတယ်။



က္က