နေမာကို ခြေကျင်းဝတ်ဒဏ်ရာကြောင့် လူစာရင်းကနေ ပြန်လည်ထုတ်ပယ်ခဲ့ရတာပါ။

ဘရာဇီးအသင်းအနေနဲ့ နေမာကို ကိုပါအမေရိကဖလားပြိုင်ပွဲအတွက် ရွေးချယ်ခဲ့ပေမယ့်လည်း ကာတာနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ရရှိခဲ့တဲ့ဒဏ်ရာကြောင့်လူစာရင်းက ပြန်လည်ထုတ်ပယ်ခဲ့ရတာပါ။

ခြေကျင်းဝတ်ဒဏ်ရာကြောင့် ကိုပါအမေရိက ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်တဲ့ ဘရာဇီး တိုက်စစ်မှူး နေမာရဲ့ နေရာမှာ အစားထိုးနိုင်မယ့် ကစားသမားကို ဘရာဇီးအသင်း ဝါရင့် နောက်ခံလူ သီယာဂိုဆေးလ်ဗားက ထုတ်ဖော်ပြောလာတဲ့ အကြောင်း Goal.comက ဖော်ပြလာပါတယ်။



သီယာဂိုက နေမာနေရာမှာ အစားထိုးနိုင်မယ့်သူက ဘာစီလိုနာအသင်းက ကွင်းလယ်တိုက်စစ် ကစားသမား ကော်တင် ဟိုဖြစ်တယ်လို့ ဆိုလာပါတယ်။

“ ပြိုင်ပွဲက လာတော့မယ်၊ ကော်တင်ဟိုအနေနဲ့ ဘာစီလိုနာနဲ့အတူ ခက်ခဲတဲ့ ရာသီကို ဖြတ်သန်းခဲ့ရတယ်၊ ဒါကပဲ အဓိက လိုအပ်ချက်ဖြစ်နေခဲ့တာပါ။ အခု အသင်းမှာတော့ နေမာမရှိရင်တောင် ကော်တင်ဟို ရှိနေဖို့တော့ လိုပါတယ်။” လို့ သီယာဂိုဆေးလ်ဗားက ပြောခဲ့တာပါ။

ကော်တင်ဟိုကတော့ ပြီးခဲ့တဲ့ ဟွန်ဒူးရပ်စ်ကို ၇-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲမှာ ပင်နယ်တီ သွင်းဂိုး တစ်ဂိုးနဲ့အတူ ဂိုးဖန်တီးမှုလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘရာဇီးအနေနဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲ ၂ ပွဲ ကစားအပြီး ၂ ပွဲစလုံးမှာ ကော်တင်ဟိုက ခြေစွမ်းပြပြီး အသင်းကို ဦးဆောင်ကစားသွားခဲ့သလို သွင်းဂိုးတွေလည်း ရယူပေးနိုင်ခဲ့တဲ့အကြောင်းကိုလည်း သီယာဂို ကပြောခဲ့ပါသေးတယ်။

ဘရာဇီးနည်းပြ တီထီကတော့ ဆုံးရှုံးလိုက်ရတဲ့ နေမာနေရာမှာတော့ ချဲလ်ဆီးအသင်းက ဝါရင့် တောင်ပံ ကစားသမား ဝီလီယံကို အစားထိုးခေါ်ယူခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ



က္က