လက်ရွေးစင်အသင်းအတွက် ပထမဆုံးဟက်ထရစ်ပါ။

ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဖြစ်လာမယ့်သူလို့ ထင်ကြေေးပးခံနေရတဲ့ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းဟာ နော်ဝေအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆက်တိုက်ခြေစွမ်းပြနေပါတယ်။ မနေ့ညက ကစားခဲ့တဲ့ ဂျီဘရော်တာနဲ့ပွဲမှာလည်း ဟာလန်းက ဟက်ထရစ်သွင်းယူခဲ့ပြီး လက်ရွေးစင်အသင်းကြီးအတွက် ပထမဆုံးဟက်ထရစ်ကို ရယူနိုင်ခဲ့ပြီဖြစ်တယ်လို့ RMC Sport က ဖော်ပြခဲ့ပါတယ်။

နော်ဝေကတစ်ဖက်သတ်ဖိကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှုပေါင်း ၄၃ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ကာ ၅-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အသက် ၂၁ နှစ်အရွယ် ဟာလန်းက အကောင်းဆုံးခြေစွမ်းပြခဲ့တာဖြစ်ပေမယ့် အံ့အားသင့်စရာလွဲချော်မှုကိုတော့ သူ ရင်ဆိုင်ခဲ့ရပါသေးတယ်။ လက်ရှိမှာတော့ ဘောလုံးရာသီသစ်စတင်ချိန်ကစပြီး ဟာလန်းက ပြိုင်ပွဲစုံသွင်းဂိုး ၈ ဂိုးအထိ ကလပ်နဲ့နိုင်ငံအတွက် သွင်းယူထားပြီးဖြစ်ပါတယ်။ 

ပွဲချိန်အတွင်း ဟာလန်းဟာ ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ကို ၂ မီတာအကွာကနေ ကန်သွင်းရာမှာ အံ့အားသင့်ဖွယ်လွဲချော်ခဲ့ပါတယ်။ အဆိုပါကန်သွင်းချက်သာ ဂိုးဝင်ခဲ့မယ်ဆိုရင် တစ်ပွဲတည်း ၄ ဂိုးအထိ သွင်းယူနိုင်မှာဖြစ်ပေမယ့် မယုံနိုင်စရာကောင်းအောင် လွဲချော်ခဲ့ပါတယ်။ ဟာလန်းအတွက် နိုင်ငံသွင်းဂိုးကတော့ ၈ ပွဲကစားပြီးချိန်မှာ ၁၂ ဂိုးအထိ ရှိသွားခဲ့ပြီဖြစ်ကာ ပြီးခဲ့တဲ့နှစ်အတွင်း ရရှိခဲ့တဲ့ ၆ ဂိုးကို လိုက်မီခဲ့ပြီလည်းဖြစ်ပါတယ်။ 

ဒေါ့မွန်အတွက်လည်း ပြိုင်ပွဲစုံ ၅ ပွဲမှာ ၆ ဂိုးအထိ သွင်းယူပေးထားပြီး ခြေစွမ်းပြနေတဲ့ နော်ဝေတိုက်စစ်မှူးကို အလိုရှိနေတဲ့ အသင်းတွေအတွက်တော့ ပိုပြီးစိတ်ဝင်စားစရာကောင်းလာခဲ့ပြီဖြစ်ပါတယ်။ ဒေါ့မွန်ကတော့ သူတို့ရဲ့တိုက်စစ်မှူးကို ဒီရာသီမှာ ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြောဆိုထားပေမယ့် လာမယ့်နှစ်မှာ ကစားသမားရဲ့ တန်ဖိုးက စာချုပ်ပါသဘောတူညီမှုအရ လျော့ကျတော့မှာဖြစ်ပြီး အပြိုင်အဆိုင်ကမ်းလှမ်းမှုတွေ မြင်တွေ့ရဖွယ်ရှိနေပြီဖြစ်ပါတယ်။ 



က္က