ဒူးဒဏ်ရာ‌‌ကြောင့် အနားယူနေရသူပါ။

ဗိုလ်လုပွဲမှာရရှိခဲ့တဲ့ ယူရို ၁၄၀၀၀၀ကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး အသုံးစရိတ်အဖြစ် အသုံးပြုနိုင်ဖို့ ယူနီဆက်ဖ် ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ရီးရဲတိုက်စစ်မှူး မားကို့စ် အဆန်စီရိုက လီဂါးနက်စ်ကစားသမား အိုင်တာရူအီဘယ်ကို ဗိုလ်လုပွဲမှာ ၄-၂နဲ့ အနိုင်ယူပြီး ယူရို ၁၄၀၀၀၀ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။



ဒီဗိုလ်လုပွဲကတော့ FIFA 20 ဗီဒီယိုဂိမ်းကစားတာ ဖြစ်ပြီး လာလီဂါက ကစားသမားအယောက် ၂၀က အခုလို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့နေတဲ့ကာလမှာ အိမ်တွင်းပုန်းအနားယူနေချိန် ကိုယ့်ရဲ့ ကလပ်အသင်းကိုကို ပြန်ကိုင် တွယ်ပြီး ဗီဒီယိုဂိမ်းမှာ ပါဝင်ခဲ့ကြတာလို့ Fox Sports Asia သတင်းဌာနက ဖော်ပြလာပါတယ်။

ဒီအစီအစဥ်ကိုတော့ စပိန်ရဲ့ နာမည်ကျော်အင်တာနက်ဆယ်လီတစ်ဦးဖြစ်တဲ့ အိုင်ဘာအယ်လာနို့စ်က စတင်အ ကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အနိုင်ရတဲ့ အဆန်စီရိုက အားလုံးရဲ့ ကိုယ်စားပြုပြီး ယူနီဆက်ဖ်ကို လှူဒါန်းခဲ့တာ ပါ။




အဆန်စီရိုကတော့ ၂၀၁၉-၂၀ ဘောလုံးရာသီမှာဒူးဒဏ်ရာပြင်းထန်စွာရထားလို့ အနားယူနေရသူ ဖြစ်ပြီး အသင်းရဲ့ ပုံရိပ်အရသော်လည်းကောင်း အခုလို ကမ္ဘာအဝန်း ရောဂါပိုးကူးစက်ပျံ့နှံ့နေချိန် တစ်ထောင့်တစ်နေရာက ပါဝင်နိုင် ခဲ့တာလည်း ဖြစ်ပါတယ်။

စပိန်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကြောင့် ၁၇၅၀ သေဆုံးနှင့်ပြီ ဖြစ်ပြီး ၂၈၅၀၀ကျော် ကူးစက်ခံထားရ တယ်လို့ တနင်္ဂနွေနေ့က တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။

စပိန်က ဥရောပမှာ အီတလီပြီးရင် ကူးစက်ပျံ့နှံ့မှု အများဆုံးနိုင်ငံ ဖြစ်နေပြီး လက်ရှိအချိန်မှာလည်း အားကစားပြိုင် ပွဲတွေကို ရက်ရွှေ့ထားကာ လာလီဂါကိုလည်း ဧပြီလ ၃ ရက်နေ့မတိုင်ခင်အထိ ရပ်နားထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က