အပြောင်းအရွှေ့အတွက် ကာယကံရှင်ကိုယ်တိုင် အတည်ပြုဖို့ရှိနေပါတယ်။
Win Kyaw Min

ချီလီလက်ရွေးစင်ဝါရင့်ကွင်းလယ်ကစားသမားကိုယ်တိုင်က ပရီးမီးယားလိဂ်ကိုပြောင်းရွှေ့လိုနေတယ်လို့လည်း သတင်းဖော်ပြမှုတွေရှိနေခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ၀ါရင့်ကွင်းလယ်ကစားသမားဖြစ်သူ ဗီဒယ်လ်အနေနဲ့ အသင်းပြောင်းရွှေ့လိုတယ်လို့ အရိ ပ်အမြွတ်ထုတ်ဖော်ပြောဆိုမှုများကြောင့် ခေါ်ယူလိုတဲ့အသင်းအများစုထွက်ပေါ်လာခဲ့ရာမှာ ပရီးမီးယားလိဂ်အ သင်းအများစုပါဝင်လာခဲ့တယ်လို့ dailymail က ဖော်ပြလာပါတယ်။

လာလီဂါရဲ့ထိပ်တန်းကစားသမားဖြစ်သူအနေနဲ့ ဘာစီလိုနာအသင်းမှာ ၂၀၂၁အထိစာချုပ်သက်တမ်းကျန်ရှိနေ သေးသော်လည်းစိန်ခေါ်မှုအသစ်တွေအတွက်အသင်းပြောင်းရွှေ့လိုနေခဲ့တာဖြစ်ပြီးပြိုင်ဆိုင်မှုအပြင်းထန်ဆုံး ဖြစ်တဲ့  ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေခဲ့တာဖြစ်တယ်လို့လည်း သုံးသပ်မှုအချို့ရှိနေခဲ့ပါတယ်။



ဗြိတိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ ဗီဒယ်လ်ကိုခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ပရီးမီးယားလိဂ်ထိပ်သီးအသင်း ကြီးအချို့ပါဝင်နေခဲ့ပြီး အသင်းပိုင်ရှင်အပြောင်းအလဲဖြစ်ပေါ်ဖို့ရှိနေတဲ့ နယူးကာဆယ်အသင်းအပြင် ယူနိုက်တ က် နည်းပြဆိုးလ်ရှားကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းဖော်ပြမှုတွေရှိနေခဲ့တာပါ။

စပိန်အားကစားမီဒီယာတစ်ခုဖြစ်တဲ့ Mundo Deportivo ရဲ့ဖော်ပြချက်အရ ဗီဒယ်လ်အနေနဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့အတွက် မကြာမီအပြီးသတ်ဆုံးဖြတ်ဖို့ရှိနေပြီး လက်ရွေးစင်အသင်းဖော်ဆန်းချက်ဇ်ရဲ့ အကြံပြုချ က်အ ရ ယူနိုက်တက်ကိုပြောင်းရွှေ့နိုင်ခြေကတော့ အနည်းဆုံးဖြစ်နေတယ်လို့ အခိုင်အမာဖော်ပြထားပြ န်ပါ တယ်။

Marca ရဲ့ဖော်ပြချက်မှာတော့ နယူးကာဆယ်အသင်းအနေနဲ့ ဂျူဗင်တပ်နည်းပြဟောင်းအယ်လီဂရီကို ခန့်အပ် နိုင်ခဲ့ပါက ဗီဒယ်လ်ကို ဦးစားပေးခေါ်ယူဖို့ရှိနေတယ်လို့ ဖော်ပြထားပြီး အီတလီစီးရီးအေကလပ်အင်တာမီလန် အသင်းကလည်း ကမ်းလှမ်းမှုအချို့ပြုလုပ်ဖို့ ပြင်ဆင်နေပြီလို့ သတင်းထွက်ပေါ်နေပြန်ပါတယ်။


က္က