ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်ဟာ အရင်က ဗိုလ်လုပွဲမှာ တစ်ကြိမ်မျှ မဆုံခဲ့ဖူးပါဘူး။

ဘိုင်ယန်မြူးနစ်အသင်းဟာ လိုင်ယွန်အသင်းကို ၃-၀နဲ့ အနိုင်ယူပြီး ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ၁၁ကြိမ်မြောက် တက်လှမ်းသွားပါပြီ။

တောင်ပံကစားသမား ဂနာဘရီက ၂ဂိုး၊တိုက်စစ်မှူး လီဝန်ဒေါစကီးက ၁ဂိုးသွင်းယူပေးခဲ့ကြတာ ဖြစ်ပြီး ဗိုလ်လုပွဲ မှာတော့ ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမှာပါ။ အခုနိုင်ပွဲက ဘိုင်ယန်မြူးနစ်အတွက် ပြိုင်ပွဲစုံ နောက်ဆုံး ၁၁ပွဲဆက်အနိုင်ရခြငးလည်း ဖြစ်ပါတယ်။



လိုင်ယွန်အသငးကတော့ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ တက်ခွင့် လက်လွှတ်ခဲ့ရပါတယ်။ ဒါပေမယ့်လညး လိုင်ယွန်အသင်းဟာ ချီကျူးစရာ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားပြီး ဆီမီးဖိုင်နယ် တက်လာတဲ့ တစ်လျှောက်မှာ ဂျူဗင်တပ်၊မန်စီးတီး စတဲ့ အသင်းတွေကို ကျော်ဖြတပြလာတာ ဖြစပါတယ်။

ယခုနှစ် ဆီမီးဖိုင်နယ်ကို ပြင်သစ် ၂သင်း ဂျာမနီ ၂သင်း တက်လှမ်းခဲ့ပေမယ့် ဂျာမနီ တစ်သင်း ပြင်သစ် တစ်သင်း သာ တက်လှမ်းခဲ့ပြီး နိုင်ငံတူ အသင်းအချင်းချင်း ကစားတဲ့ ဗိုလ်လုပွဲတော့ ဖြစ်မလာခဲ့ပါဘူး။ ဗိုလ်လုပွဲမှာ တွေ့ဆုံနေတဲ့ ပီအက်စ်ဂျီနဲ့ ဘိုင်ယန်မြူးနစ်ဟာ အရင်က အခုလို ဗိုလ်လုပွဲမှာ တစ်ကြိမ်မှ မဆုံထား ဖူးပါဘူး။

ဒါပေမယ့်လည်း ဘိုင်ယန်မြူးနစ်ဟာ ၁၉၇၅-၇၆ခုနှစ်က ပြင်သစ်ကလပ် စိန့်အက်စတီယန်နဲ့ ဗိုလ်လုပွဲ ကစားခဲ့ဖူးပြီး ၁-၀ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။ ဒီတစ်ကြမ်ကတော့ ပြင်သစ်နဲ့ဂျာမနီကလပ်တွေ ချန်ပီယံလိဂ် ဗုလ်လုပွဲမှာ တွေ့ဆုံတာ ဒုတိယအကြမ်မြောက် ဖြစ်ပါတယ်။ ဗိုလ်လုပွဲကိုတော့ လာမယ့် သြဂုတ်လ ၂၄ရက်နေ့ နံနက် ၁နာရီခွဲမှာ ဆက်လက် ယှဥ်ပြိုင်ကစားသွားကြမှာဖြစ်ပါ တယ်။

Share

Loading Next Article...
က္က