၁၀နှစ်အတွင်း ပထမဆုံး ဖြစ်ပါတယ်။

ဗိုလ်လုပွဲမှာ အင်တာမီလန်နဲ့၅ထပ်ကွမ်းချန်ပီယံ ဆီဗီလာတို့ တွေ့ဆုံနေပြီး လာမယ့်သောကြာည(စနေမနက် ၁နာရီခွဲ)မှာ ကစားပါမယ်။

၁၀စုနှစ်တစ်ခု ဝေးကွာနေတဲ့ ဥရောပအဆင့် ပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲကို အင်တာမီလန်အသင်း ဒီတစ်ကြိမ်မှာတော့ ပြတ်ပြတ်သားသား တက်လှမ်းနိုင်ခဲ့ပါပြီ။



ခက်ခဲတဲ့ ယူကရိန်းကလပ် ရှက်တာကို ၅-၀နဲ့ အနိုင်ယူခဲ့တဲ့ အင်တာရဲ့ အသင်းလိုက် လုပ်အားနှုန်းက ချီးကျူးစရာ ဖြစ်ပြီး နေရာစုံဂိုးသွင်းနိုင်တာက ကြောက်စရာကောင်းပါတယ်။

ဒီနေ့မှာ အင်တာမီလန်အသင်းက အနိုင်ရခဲ့တဲ့အတွက် ၂၀၀၉-၁၀ဘောလုံးရာသီက ချန်ပီယံလိဂ်ဆုဖလား ကိုင်မြှောက်နိုင်မှုအပြီး ဥရောပအဆင့် ပြိုင်ပွဲမှာ ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် တက်လှမ်းလာတာပါ။

ဒါ့အပြင် အခု ယူရိုပါလိဂ်ဖလားပြိုင်ပွဲ သမိုင်းမှာလည်း ပထမဆုံးအကြိမ်ဖြစ်ပြီး ချဲလ်ဆီးနဲ့ စွာခဲ့တဲ့ နည်းပြ ကွန်တီ ကို နောက်ထပ် အသိအမှတ်ပြု မှတ်ကျောက်တင်ရမယ့် ပွဲလည်း ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရတော့မှာပါ။

ဒီနေ့ပွဲမှာ ၂ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး လူကာကူဟာလည်း ကစားသမားဘဝမှာ ယူရိုပါလိဂ် ၁၀ပွဲဆက် ဂိုးသွင်းပြီး မဖြစ်နိုင်တဲ့စံချိန်ကို တင်ရှိထားနိုင်ပါပြီ။

ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်း ရင်ဆိုင်ရမှာက ၅ထပ်ကွမ်းချန်ပီယံ ဆီဗီလာအသင်းဖြစ်ပြီး လာမယ့် သောကြာ နေ့ည(စနေမနက်၁နာရီခွဲ)မှာ ကစားပါမယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က