တူရကီကလပ်ထရက်ဘ်ဇွန်စပေါ်မှာ ကစားနေတာပါ။
Pyae Phyo Thein

ကလပ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကိုရော၊ လုပ်ခလစာတွေကိုပါ မယူဘဲစွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ကာ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းပစ်ခဲ့တာလည်းဖြစ်ပါတယ်။ 


တူရကီကလပ် ထရက်ဘ်ဇွန်စပေါ်အသင်းမှာ ကစားနေတဲ့ ချယ်လ်ဆီးကွင်းလယ်လူဟောင်းမီခေးလ်ဟာ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို ကြောက်လန့်ခဲ့ကာ ကလပ်အသင်းနဲ့ နားလည်မှုရယူပြီး စာချုပ်ဖျက်သိမ်းလိုက်တယ်လို့ သိရပါတယ်။ နိုင်ဂျီးရီးယားကွင်းလယ်လူအနေနဲ့ တံခါးပိတ်ကျင်းပနေတဲ့ တူရကီလိဂ်ပွဲစဉ်တွေကြောင့်လည်း ထိတ်လန့်နေခဲ့တာဖြစ်ပါတယ်။ 

ကမ္ဘာ့ကပ်ရောဂါအဖြစ် သတ်မှတ်ခဲ့တဲ့အချိန်အတွင်းမှာ ဘောလုံးကစားနေရတဲ့အပေါ် စိတ်သက်တောင့်သက်သာဖြစ်မှုမရှိဘူးလို့ မီခေးလ်က ပြောဆိုခဲ့ပါတယ်။ ဒီအတွက် ကလပ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ကိုရော၊ လုပ်ခလစာတွေကိုပါ မယူဘဲစွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ကာ နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်းပစ်ခဲ့တာလည်းဖြစ်ပါတယ်။ 

တူရကီလိဂ်မှာ ထရက်ဘ်ဇွန်စပေါ်အသင်းက ထိပ်ဆုံးကနေ ရပ်တည်နေပြီး မီခေးလ်ကလည်း အဓိကကစားသမားအဖြစ်ပါဝင်နေခဲ့တာဖြစ်ပါတယ်။ ဆုဖလားဆွတ်ခူးကာ ကစားသမားဘဝအောင်မြင်မှုကိုပါ ရယူနိုင်ဖို့ မီခေးလ်အတွက် အခွင့်အရေးရှိနေခဲ့ပေမယ့်လည်း ဗိုင်းရပ်စ်အန္တရာယ်ကြောင့် ဘာကာဆီဟာအသင်းနဲ့ ကစားရမယ့်ပွဲမတိုင်ခင်မှာပဲ အသင်းကနေ ထွက်ခွာခဲ့တာဖြစ်ပါတယ်။ 

အသက် ၃၂နှစ်အရွယ် ကစားသမားက "ဘောလုံးထက် ဘဝက ပိုပြီးတော့ အရေးကြီးပါတယ်၊ စိတ်လုံခြုံမှုမရှိဖြစ်နေပြီးတော့ ဒီလိုအခြေအနေတွေမှာ ဘောလုံးမကစားချင်ပါဘူး၊ လူတိုင်းအိမ်မှာပဲ မိသားစုနဲ့အတူ ရှိနေသင့်ပြီးတော့ တစ်ဦးနဲ့တစ်ဦး မေတ္တာတွေမျှဝေပေးရမယ့် အချိန်ပါ၊ ဘောလုံးရာသီတွေကိုလည်း အခုလိုကသောင်းကနင်းဖြစ်နေချိန်မှာ ဖျက်သိမ်းသင့်ပါတယ်" လို့ ပြောဆိုခဲ့ကြောင်း Bleacher Report က ဖော်ပြသွားခဲ့ပါတယ်။ 


Author


က္က