ပေါ်တူဂီက ဟိုတယ်ဖြစ်ပါတယ်။
Pyae Phyo Thein

အခုချိန်ထိတော့ ရော်နယ်ဒိုရဲ့ ဟိုတယ်ကို ဆေးရုံကိုအဖြစ် ပြောင်းလဲပေးမယ့်သတင်းတွေက အတည်မပြုနိုင်သေးပေမယ့်လည်း စပိန်နာမည်ကြီးသတင်းစာ Marca က ဖော်ပြခဲ့တာကြောင့် ယုံကြည်ဖွယ်ရာလည်း ရှိနေပါတယ်။


ပေါ်တူဂီအသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ သူပိုင်ဆိုင်တဲ့ ဟိုတယ်တစ်လုံးကို ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် အသုံးပြုနိုင်မယ့် ဆေးရုံတစ်ခုအဖြစ် ပြောင်းလဲပေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။ ဆရာဝန်၊ သူနာပြုတွေနဲ့ ဆေးရုံဝန်ထမ်းတွေအတွက် သူ့ရဲ့ဟို်တယ်က အကူအညီဖြစ်လိမ့်မယ်လို့လည်း ရော်နယ်ဒိုက ယုံကြည်နေကြောင်းသိရပါတယ်။ 

ရော်နယ်ဒိုဟာ CR7 နာမည်နဲ့ ဟိုတယ်တွေကို ဖွင့်လှစ်ထားသူဖြစ်ပြီး မက်ဒဲရားမှာဖွင့်လှစ်ထားတဲ့ ဟိုတယ်ကို ဆေးရုံအဖြစ်ပြောင်းလဲပေးသွားမှာဖြစ်ကာ အခမဲ့အသုံးပြုခွင့်ပေးသွားမှာဖြစ်တယ်လို့ Marca က ဖော်ပြခဲ့ပါတယ်။ ဒ့ါအပြင် ဆရာဝန်တွေနဲ့ ဆေးဝန်ထမ်းတွေအတွက်လည်း ရော်နယ်ဒိုက လုပ်ခလစာတွေကို ပေးချေသွားဦးမယ်လို့လည်း သိရပါတယ်။ 

ရော်နယ်ဒိုဟာ အသင်းဖော်ရူဂါနီရဲ့ ဗိုင်းရပ်စ်ကူးစက်ခံရမှုနောက်မှာ သူကိုုယ်တိုင်လည်းစောင့်ကြည့်ခံနေရသူဖြစ်ပါတယ်။ ဒါပေမယ့် ဆေးစစ်မှုတွေအပြီးမှာ ဗိုင်းရပ်စ်ကူးစက်ခံရမှုမရှိဘူးလို့ ရော်နယ်ဒိုက အဖြေထွက်ခဲ့ပါတယ်။ မနေ့ကပဲ ရော်နယ်ဒိုက ရောဂါတိုက်ဖျက်ရေးအတွက် အနစ်နာခံကြိုးစားကူညီပေးနေတဲ့ ဆေးဝန်ထမ်းတွေကို ချီးကျူးစကားပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ 

အခုချိန်ထိတော့ ရော်နယ်ဒိုရဲ့ ဟိုတယ်ကို ဆေးရုံကိုအဖြစ် ပြောင်းလဲပေးမယ့်သတင်းတွေက အတည်မပြုနိုင်သေးပေမယ့်လည်း စပိန်နာမည်ကြီးသတင်းစာ Marca က ဖော်ပြခဲ့တာကြောင့် ယုံကြည်ဖွယ်ရာလည်း ရှိနေပါတယ်။ ကစားသမားကိုယ်တိုင်ကလည်း အတည်ပြုထားခြင်းမရှိသေးဘဲ လူမှုကွန်ရက်တွေပေါ်မှာတော့ ဒီသတင်းက ပြန့်နှံ့့နေခဲ့ပြီဖြစ်ပါတယ်။ 


က္က