မွေးရပ်မြေ မက်ဒဲရားမှာ ရောဂါခြေချုပ်မိနေတာပါ။
Pyae Phyo Thein

အသင်းဖော်ရူဂါနီဆီမှာ ဗိုင်းရပ်စ်ကူးစက်ခံနေရပြီး နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ်လိုဒီဘာလာဟာလည်း ရောဂါတွေ့ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့လို့ ရော်နယ်ဒိုအတွက် ပိုမိုစိုးရိမ်စရာတော့ဖြစ်ခဲ့ရပါတယ်။


ဂျူဗင်တပ်စ်အသင်းရဲ့ ပေါ်တူဂီတိုက်စစ်မှူးရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမရှိဘူးလို့ မက်ဒဲရားမြို့က ကျန်းမာရေးအရာရှိတစ်ဦးက ပြောဆိုသွားခဲ့ပါတယ်။ ကစားသမားနဲ့ သူ့ရဲ့မိသားစုတွေဟာ ဗိုင်းရပ်စ်အန္တရာယ်ကနေ ကင်းဝေးနေတယ်လို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း ကစားသမားကိုတော့ ရောဂါခြေချုပ်တော့ ထားရှိထားဆဲလို့ သိရပါတယ်။ 

ရော်နယ်ဒိုကတော့ အီတလီကနေ ပေါ်တူဂီကို ပြန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့မွေးရပ်မြေမှာပဲ ရောဂါကူးစက်မှုရှိမရှိစောင့်ကြည့်ခံခဲ့ရတာဖြစ်ပါတယ်။ အသင်းဖော်ရူဂါနီဆီမှာ ဗိုင်းရပ်စ်ကူးစက်ခံနေရပြီး နောက်ထပ်ကစားသမားတစ်ဦးဖြစ်တဲ့ ပေါ်လိုဒီဘာလာဟာလည်း ရောဂါတွေ့ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့လို့ ရော်နယ်ဒိုအတွက် ပိုမိုစိုးရိမ်စရာတော့ဖြစ်ခဲ့ရပါတယ်။

ရော်နယ်ဒို နဲ့ ဒီဘာလာတို့ဟာ ကွင်းအတွင်းမှာ အနီးကပ်ပူးပေါင်းကစားခဲ့ကြသလို အတူတကွအောင်ပွဲခံမှုတွေလည်း ရှိခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီဘာလာဆီမှာ ဘယ်လိုကူုးစက်မှုမျိုးမှမရှိဘူးလို့ ဂျူဗင်တပ်စ်အသင်းဘက်က ငြင်းဆိုခဲ့ပြီး ရူဂါနီတစ်ဦးတည်းဆီမှာသာ တွေ့ရှိထားသေးကာ အသင်းက လူ ၁၂၁ ဦးကိုတော့ သီးသန့်ခွဲထားတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။ 

"အချက်အလက်အတိအကျတွေကို ကျွန်တော်မပြောပြနိုင်ပေမယ့်လည်း အခြေအနေကို စနစ်တကျစိစစ်ပြီးနောက်မှာ အခုအချိန်မှာ ရောဂါကူးစက်ထားတာမျိုးမရှိဘူးဆိုတာကို အာမခံနိုင်ပါတယ်" လို့ မက်ဒဲရားဒေသတွင်းအစိုးရဥက္ကဌမီဂွယ်ကလည်း ပြောဆိုခဲ့ပါတယ်။ ဒေသတွင်းကျန်းမာရေးအရာရှိ ပက်ဒရိုရာမို့စ်ကလည်း "ကစားသမား နဲ့ မိသားစုမှာ ဘယ်လိုပြသနာမျိုးမှမရှိပါဘူး" လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။ 


က္က