ဆာဘီးယားဝန်င်္ကြီးချုပ်ကပါ ဒေါသထွက်နေတာဖြစ်ပါတယ်။
Pyae Phyo Thein

ရောဂါဖြစ်ပွားမှုရှိနေတဲ့ စပိန်ကနေ ပြန်လည်ရောက်ရှိလာခဲ့တဲ့ လူကာဂျိုဗစ်အတွက်လည်း သီးသန့်နေထိုင်ဖို့အတွက်သာ ညွှန်ကြားခံရဖွယ်ရှိခဲ့ပေမယ့်လည်း အပြင်ထွက်လည်ခဲ့တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။


ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးလူကာဂျိုဗစ်ဟာ ကိုရိုနာဗိုင်းရပ်စ်ပြဿနာဖြစ်ပွားနေချိန်မှာ သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာခဲ့တဲ့အတွက် အခန့်မသင့်ပါက ထောင်ဒဏ်ချမှတ်ခံရဖွယ်ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ မက်ဒရစ်ကနေ ဆာဘီးယားကိုပြန်ကာ နေအိမ်မှာသီးခြားနေထိုင်ဖို့အတွက် ရီးရဲလ်က လူကာဂျိုဗစ်ကို ပြန်လည်စေလွှတ်ခဲ့ပါတယ်။ 

ဆာဘီးယားမှာ ကန့်သတ်ထားတဲ့ ဥပဒေတွေအရ ပြည်ပကပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ တစ်လခန့်နေအိမ်အတွင်းမှာသာ နေထိုင်ရမှာဖြစ်ပါတယ်။ ရောဂါဖြစ်ပွားမှုရှိနေတဲ့ စပိန်ကနေ ပြန်လည်ရောက်ရှိလာခဲ့တဲ့ လူကာဂျိုဗစ်အတွက်လည်း သီးသန့်နေထိုင်ဖို့အတွက်သာ ညွှန်ကြားခံရဖွယ်ရှိခဲ့ပေမယ့်လည်း အပြင်ထွက်လည်ခဲ့တာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဘဲဂရိတ်လ်မြို့က လမ်းမတွေပေါ်မှာ လူကာဂျိုဗစ်ကို မြင်တွေ့ခဲ့ရသလို သူ့ရဲ့ချစ်သူမွေးနေ့ကိုလည်း တက်ရောက်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီသတင်းတွေထွက်လာခဲ့အပြီးမှာ ဆာဘီးယားဝန်ကြီးချုပ်ကလည်း ဒေါသအပြင်းအထန်ထွက်ခဲ့တယ်လို့ သိရပြီး နိုင်ငံလက်ရွေးစင်တွေဆီက အနုတ်လက္ခဏာဆန်တဲ့ အပြုအမူတွေကိုသာ မြင်တွေ့ခဲ့ရတဲ့အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့ပါတယ်။ 

လူကာဂျိုဗစ်ကတော့ "ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခို်က်စေလိုတဲ့ ဆန္ဒမရှိဘူး၊ မက်ဒရစ်မှာ ကျွန်တော်စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး ဗိုင်းရပ်စ်မရှိပါဘူး၊ ဒါကြောင့် ဆာဘီးယားကို အလည်ပြန်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တာပါ၊ ကျွန်တော်တို့ပြည်သူတွေကို အားပေးဖို့နဲ့ ကူညီဖို့အပြင် မိသားစုနဲ့လည်း နီးနီးကပ်ကပ်နေချင်လို့ပါ၊ အသင်းရဲ့ခွင့်ပြုချက်လည်းရခဲ့ပါတယ်၊ ဆာဘီးယားကိုရောက်တော့လည်း စစ်ဆေးခဲ့ရာမှာ ဘာမှမရှိခဲ့ပါဘူး" လို့ ဖြေရှင်းခဲ့ပါတယ်။

ဆာဘီးယားပြည်ထဲရေးဝန်ကြီးကတော့ "သူတို့က နာမည်ကျော်ကြားတဲ့ကစားသမားတွေဖြစ်ပြီး လူချမ်းသာတွေလည်းဖြစ်ပါတယ်၊ ဒါပေမယ့် အဲဒါကြောင့် သူတို့ကို အပြစ်ပေး၊ အရေးမယူလို့မရပါဘူး၊ ဥပဒေကို လေးစားမှုအပြည့်နဲ့ လိုက်နာရင်လိုက်နာ၊ မလိုက်နာဘူးဆိုရင်တော့ ထောင်ထဲကို သွားရပါလိမ့်မယ်" လို့ AP နဲ့ တွေ့ဆုံမှုမှာ ပြောဆိုခဲ့ကြောင်း သိရပါတယ်။ 


က္က