၃-၀ နဲ့ အနိုင်ရရှိခဲ့တာပါ။
Pyae Phyo Thein

ဘန်ဇီမာက ၂ဂိုး၊ အဆန်စီယိုက ၁ ဂိုးသွင်းယူပေးခဲ့ပြီးနောက် ရီးရဲလ်က ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာကို ၂မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနေဆဲဖြစ်ပါတယ်။ 


အိ်မ်ကွင်းမှာ ဗလန်စီယာကို ၃-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ရီးရဲလ််မက်ဒရစ််နည်းပြဇီဒန်းနဲ့ တိုက်စစ်မှူးဘန်ဇီမာတို့ဟာ စံချိန်မှတ်တမ်းတွေ အသီးသီးပိုင်ဆိုင်ခဲ့ကြပါတယ်။ ဘန်ဇီမာက ၂ဂိုး၊ အဆန်စီယိုက ၁ ဂိုးသွင်းယူပေးခဲ့ပြီးနောက် ရီးရဲလ်က ဂိုးပြတ်အနိုင်ရရှိခဲ့ပြီး ဘာစီလိုနာကို ၂မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးနေဆဲဖြစ်ပါတယ်။ 

ဒီနိုင်ပွဲကြောင့် ဇီဒန်းရဲ့ ရီးရဲလ်နည်းပြဘဝမှာ နိုင်ပွဲစုစုပေါင်း ၁၃၃ပွဲအထိ ရရှိခဲ့ပြီး နည်းပြဟောင်းဒယ်ဘော့စကေးရဲ့ စံချိန်နဲ့ တူညီခဲ့ကာ ဒုတိယနေရာမှာ ရှိနေခဲ့ပါတယ်။ ပထမနေရာမှာတော့ မီဂွယ်လ်မူနော့ဇ်က ၃၅၈ ပွဲနဲ့ ရပ်တည်နေပြီး အသင်းကို ၁၂နှစ်ကြာ ကိုင်တွယ်ခဲ့ကာ လာလီဂါဖလား ၉ လုံး နဲ့ ဥရောပဖလား ၂ကြိမ်ရရှိအောင်စွမ်းဆောင်ပေးခဲ့ပါတယ်။ 

ဘန်ဇီမာကလည်း ဒီသွင်းဂိုး ၂ဂိုးကြောင့် ဒီရာသီမှာ ၂၁ဂိုးအထိ ရရှိခဲ့ပြီး ရီးရဲလ်ကစားသမားဘဝမှာ သွင်းဂိုးပေါင်း ၂၄၃ ဂိုးနဲ့ ထာဝရဂိုးသွင်းအများဆုံးကစားသမားစာရင်းမှာ အဆင့်လေးနေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ပွတ်ကပ်စ်ကို တစ်ဂိုးအသာနဲ့ ကျော်ဖြတ်ခဲ့တာဖြစ်ပြီးတော့ သူ့ရဲ့သွင်းဂိုးတစ်ဂိုးဟာ ဒီရာသီလာလီဂါရဲ့ အလှပဆုံးဂိုးဖြစ်တယ်လို့လည်း တင်စားခံနေရပါတယ်။ 

ရီးရဲလ်မက်ဒရစ်အတွက် နောက်ထပ်တစ်ဂိုးကိုတော့ ကာလရှည်အနားယူနေခဲ့ရတဲ့ အဆန်စီယိုက ပထမဆုံးဘောလုံးထိချက်ကတဆင့် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ခြေစွမ်းမပြနိုင်ဖို့ ဝေဖန်ခံနေရတဲ့ ဟာဇက်ကလည်း ဘန်ဇီမာရဲ့ အဖွင့်ဂိုးအတွက် ဖန်တီးပေးခဲ့ပြီး ဇီဒန်းအတွက်တော့ စိတ်ကျေနပ်စရာရလဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့တာလည်းဖြစ်ပါတယ်။ 


Author


က္က