ခြေသလုံးဒဏ်ရာက ထင်ထားတာထက် ပိုကြာနေပါတယ်။
Kyaw Ko Ko Sint

ခြေသလုံးဒဏ်ရာကို ပြန်လည်ကုစားနေပေမယ့်ထင်မှတ်ထားတာထက် ပိုမိုကြာမြင့်နေတာ ဖြစ်ပြီး ဒေါ့မွန်နဲ့ ကစားမယ့် ချန်ပီယံလိဂ် ပွဲလောက်မှသာ ပါဝင်လာနိုင်ဖွယ်ရှိနေတာပါ။

ခြေသလုံးဒဏ်ရာကို ကုစားနေတဲ့ လီယွန်နယ်မက်ဆီကတော့ ထင်မှတ်ထားတာထက် ဒဏ်ရာက မသက်သာပဲ ရှိနေလို့ လာမယ့် အပတ်မှာကစားမယ့် ဗလင်စီယာနဲ့ပွဲမှာဘာစီလိုနာအတွက် ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ Daily Mail က ဖော်ပြလာပါတယ်။



မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းအတွက် ဒီရာသီ လာလီဂါ ၃ပွဲစလုံး ပါဝင်ကစားပေးထားနိုင်ခြင်းမရှိသေးပဲ အာဂျင်တီး နားနဲ့ ကိုပါအမေရိက ပြိုင်ပွဲမှာ ရခဲ့တဲ့ ခြေသလုံး ဒဏ်ရာကိုကုစားနေရတာပါ။



အလားတူ နောက်ထပ် အားထားရတဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ကလည်း ခြေသလုံး ဒဏ်ရာ ထပ်မံရရှိနေလို့ ဘာစီလိုနာ အတွက် တိုက်စစ် ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။

လက်ရှိမှာတော့ မက်ဆီအနေနဲ့ လာမယ့် စက်တင်ဘာ ၁၇ ရက်နေ့မှာ ကစားဖို့ရှိတဲ့ ဒေါ့မွန်အသင်းနဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲ မှာမှ ပြန်လည်ပါဝင်လာဖွယ်ရှိနေပါတယ်။

မက်ဆီနဲ့ဆွာရက်ဇ်မပါဝင်ပဲနဲ့ အဖွင့်ပွဲမှာ ဘီဘာအိုအသင်းဖက်ကိုတော့ ၅-၂ ဂိုးနဲ့ အနိုင်ကစားထားနိုင်ပေမယ့် အသစ်ခေါ် ယူထားတဲ့ တိုက်စစ်မှူး ဂရုဇ်မန်းအပါအဝင် မက်ဆီ၊ဆွာရက်ဇ်၊ဂရုဇ်မန်း တိုက်စစ်အတွဲကိုတော့ မြင်တွေ့ရဖို့ ဝေးနေ ပါသေးတယ်။


Author


က္က