လီဝန်ဒေါစကီးကိုရွေးချယ်ခဲ့ပါတယ်။
Pyae Phyo Thein

မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဘလွန်းဒီအောဆုကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လွှမ်းမိုးထားခဲ့ကြပြီး မက်ဆီက ခြောက်ကြိမ်၊ ရော်နယ်ဒိုက ငါးကြိမ်ရရှိထားခဲ့ပါတယ်။


အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူးဟောင်းရော်ဘင်ဗန်ပါစီက ဘလွန်းဒီအောဆုအတွက် သူ့ရဲ့ထိပ်ဆုံး ၃ဦးစာရင်းကို သုံးသပ်ပြောဆိုခဲ့ရာမှာ ဘလွန်းဒီအောဆုအများဆုံးရရှိထားတဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့နှစ်ဦးစလုံးကို ချန်ထားရစ်ခဲ့ပါတယ်။ ဗန်ပါစီက အဆိုပါကစားသမားနှစ်ဦးအတွက် ဒီနှစ်ဆုက ထိုက်တန်မှုမရှိဘူးလို့ ယူဆခဲ့ကြောင်း Metro က ဖော်ပြခဲ့ပါတယ်။ 

မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ ဘလွန်းဒီအောဆုကို ဆယ်စုနှစ်တစ်ခုကျော်ကြာ လွှမ်းမိုးထားခဲ့ကြပြီး မက်ဆီက ခြောက်ကြိမ်၊ ရော်နယ်ဒိုက ငါးကြိမ်ရရှိထားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွက်ဆုကိုလည်း မက်ဆီက ခြောက်ကြိမ်မြောက်အဖြစ် စံချိန်တင်ရယူနိုင်ခဲ့ပြီး ဗန်ဒိုက်နဲ့ ရော်နယ်ဒိုတို့က သူ့နောက်မှာရှိနေခဲ့ပါတယ်။ 

ဗန်ပါစီဟာ လီဝန်ဒေါစကီးကို ဘလွန်းဒီအောဆုရရှိလိမ့်မယ်လို့ ခန့်မှန်းထားပြီး ထိပ်ဆုံး ၃ဦးကိုတော့ လီဗာပူးလ်အသင်းက မာနေး နဲ့ မန်စီးတီးက ဒီဘရိုင်းတို့ ပါဝင်မယ်လို့လည်း ယူဆခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ ဘိုင်ယန်နဲ့ ပြည်တွင်းဖလားနှစ်လုံးကို ဆွတ်ခူးထားနိုင်ခဲ့ပြီး လိဂ်ဂိုး ၃၄ ဂိုး နဲ့ ချန်ပီယံလိဂ်သွင်းဂိုး ၁၁ ဂိုးနဲ့ ပိုကယ်ဖလားပြိုင်ပွဲမှာ ၆ ဂိုးသွင်းယူထားခဲ့ပါတယ်။ 

ပရိသတ်တွေကလည်း လီဝန်ဒေါစကီးရရှိလိမ့်မယ်လို့ ခန့်မှန်းထားကြပြီး ရော်နယ်ဒိုနဲ့ မက်ဆီလွှမ်းမိုးထားမှုတွေကို ကျော်လွှားနိုင်မယ်လို့ ယူဆနေကြပါတယ်။ ဗန်ပါစီရွေးချယ်ခဲ့တဲ့ ဒီဘရိုင်းကလည်း မန်စီးတီးအတွက် ပရီးမီးယားလိဂ်မှာ ၁၁ဂိုးသွင်းကာ ၁၈ ကြိမ်ဖန်တီးပေးထားပြီး မာနေးကတော့ လီဗာပူးလ်အတွက် အမှတ်ပေးဖလားဆွတ်ခူးအောင်ကူညီပေးထားပြီး သွင်းဂိုး ၁၆ဂိုးနဲ့ ဖန်တီးမှု ၇ ကြိမ်လုပ်ပေးထားခဲ့ပါတယ်။ 


Author


က္က