ပီအက်စ်ဂျီနည်းပြတူချယ်လ်ကို စိတ်ဝင်စားနေပါတယ်။

လာလီဂါဘောလုံးရာသီသစ်မှာ (၄)ပွဲကစားအပြီး ဘာစီလိုနာအသင်းဟာ ထိပ်ဆုံးလေးသင်းပြင်ပကို ရောက်ရှိနေကာ နှစ်ပွဲသာအနိုင်ရခဲ့ပြီး သွင်းဂိုး ၁၂ဂိုးရှိခဲ့ပေမယ့် ပေးဂိုးက ၇ဂိုးအထိ ရှိနေခဲ့ပါတယ်။


စပိန်ကလပ်ဘာစီလိုနာအသင်းဟာ နည်းပြဗယ်လ်ဗာဒီရဲ့နေရာမှာအစားထိုးဖို့အတွက် ပီအက်စ်ဂျီအသင်းနည်းပြသောမတ်စ်တူချယ်လ်ကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လာလီဂါဘောလုံးရာသီသစ်မှာ (၄)ပွဲကစားအပြီး ဘာစီလိုနာအသင်းဟာ ထိပ်ဆုံးလေးသင်းပြင်ပကို ရောက်ရှိနေကာ နှစ်ပွဲသာအနိုင်ရခဲ့ပြီး သွင်းဂိုး ၁၂ဂိုးရှိခဲ့ပေမယ့် ပေးဂိုးက ၇ဂိုးအထိ ရှိနေခဲ့ပါတယ်။

ခံစစ်ပိုင်းစွမ်းဆောင်ရည်ကျဆင်းနေခဲ့မှုတွေနဲ့အတူ မက်ဆီမပါဝင်နိုင်ခဲ့ချိန်မှာ ရလဒ်တွေဆိုးရါားနေခဲ့တာဖြစ်ပြီး ဒေါ့မွန်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာလည်း ပြိုင်ဘက်အသင်းက ပင်နယ်တီလွဲချော်ခဲ့လို့သာ အရေးမနိမ့်ခဲ့ရတာဖြစ်ပါတယ်။ နည်းပြဗယ်လ်ဗာဒီအနေနဲ့ ရာသီအဖွင့်ပွဲမှာ ဘီလ်ဘာအိုကို အရေးနိမ့်ပြီးကတည်းက ဖိအားတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။



ဗယ်လ်ဗာဒီရဲ့ နည်းစနစ်တွေနဲ့ ပွဲအပေါ်ချဉ်းကပ်ပုံတွေကို ပရိသတ်တွေကပါ နှစ်ခြိုက်မှုမရှိဘူးလို့ Give Me Sports သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။ ဒီအတွက်ကြောင့်လည်း ဗယ်လ်ဗာဒီနေရာအတွက် တူချယ်လ်ကို အစားထိုးဖို့ စဉ်းစားလာခဲ့ပြီး အသင်းရဲ့ ရာထူးမြင့်မြင့်မားမားရယူထားတဲ့ ပုဂ္ဂိုလ်တချို့ကလည်း တူချယ်လ်ကို သဘောကျနေတယ်လို့ သိရပါတယ်။

တူချယ်လ်ကတော့ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှာ ရီးရဲလ်မက်ဒရစ်ကို ၃ဂိုးပြတ်နဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ နေမာ၊ ဘတ်ပီ နဲ့ ကာဗာနီတို့လို ထိတ်ထိတ်ကြဲတိုက်စစ်မှူး ၃ဦး မပါဝင်ခဲ့တာတောင်မှ ရီးရဲလ်ကို ဂိုးပြတ်အနိုင်ယူခဲ့တာဖြစ်လို့ တူချယ်လ်ရဲ့ စွမ်းဆောင်ရည်က အထင်ကြီးစရာဖြစ်ခဲ့ရတာတော့ အမှန်ပဲဖြစ်ပါတယ်။




က္က