loading...

loading...

loading...

အသင်းအတွက် အကျိုးသက်ရောက်မှုရှိကြောင်း မပြသနိုင်ခဲ့ပါဘူး။
Kg Htet

ရီးရဲမက်ဒရစ်အသင်းနည်းပြ ဇီဒန်းဟာ ယမန်နေ့ညက ဗယ်လက်ကာနိုအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ကြယ်ပွင့်ကစားသမား ဂါရတ်ဘေးလ်ရဲ့ အာရုံစူးစိုက်မှုနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။

ဇီဒန်းဟာ ဗယ်လက်ကာနိုအသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ပရိသတ်တွေကို တောင်းပန်ခဲ့ရပြီး ဂါရတ်ဘေးလ်အနေနဲ့ ရီးရဲမက်ဒရစ်အသင်းအပေါ်ကို အာရုံစူးစိုက်ထား၊ မထားကို မသေချာကြောင်း နည်းပြဇီဒန်းက ပြောကြားခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ အမှတ်ပေးဇယားအောက်ဆုံးမှ ဗယ်လက်ကာနိုကို ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ဗယ်လက်ကာနိုကတော့ ရီးရဲကို အနိုင်ရရှိခဲ့တာကြောင့် အဆင့် ၁၉ နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။

ဗယ်လက်ကာနိုနဲ့ပွဲစဉ်မှာ ဂါရတ်ဘေးလ်ဟာ တိုက်စစ်မှာ ပွဲထွက်ကစားခွင့်ရရှိခဲ့ပေမယ့် အသင်းအတွက် အကျိုးသက်ရောက်မှုတစ်စုံတရာ မပြသနိုင်ခဲ့ဘဲ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂါရတ်ဘေးလ်ရဲ့ ခံယူချက်နဲ့ပတ်သက်ပြီး မသေမချာဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။

“ဘေးလ် အာရုံစိုက်ထားလားဆိုတာ ကျွန်တော် မသိပါဘူး။ ခင်ဗျား သူ့ကို သွားမေးလိုက်ပါ။ ကျွန်တော်တို့ ဂိုးပေါက်ရှာမတွေ့ခဲ့ဘူး။ ပထမဆုံးမိနစ်ကနေ အဆုံးအထိ ကျွန်တော်တို့ ဘာမှမလုပ်နိုင်ခဲ့ပါဘူး။ အဆင့်တိုင်းမှာပါပဲ။ ဂိုးသွင်းတဲ့အဆင့်တစ်ခုတည်းမှာပဲမဟုတ်ပါဘူး။ ကျွန်တော်တို့ ဘာမှမရခဲ့ပါဘူး။ ဘာတစ်ခုမှလည်း မကစားနိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ အရမ်းဒေါသထွက်နေပါတယ်။ ကျွန်တော် အရမ်းဒေါသထွက်နေတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့ ကျွန်တော်တို့ရဲ့ပုံရိပ်ဟာ အရမ်းဆိုးရွားနေလို့ပါ။ ကျွန်တော့်မှာ တာဝန်ရှိပါတယ်။ ကစားသမားတွေမှာပဲ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီနေ့လုပ်ခဲ့တာတွေအားလုံးအတွက် တောင်းပန်ရမှာပါ”လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ


loading...

က္က