အဓိကကတော့ အသင်းရဲ့ဘဏ္ဍာရေးကြေင့်ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူးရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ပြဿနာဖြစ်ပွားပြီးနောက် တူရင်ကနေ ထွက်ခွာသွားနိုင်တယ်လို့ အီတလီမီဒီယာတစ်ခုက ဖော်ပြသွားခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားခဲ့ပြီးနောက် အသင်းကို ကူညီတဲ့အနေနဲ့ သူ့ရဲ့လစာငွေကို လျှော့ချပေးဖို့ သဘောတူခဲ့သူလည်းဖြစ်ပါတယ်။



ဒါပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျူဗင်တပ်စ်အသင်းရဲ့ ဘဏ္ဍာရေးပိုင်းကို ထိခိုက်မှုတွေရှိလာခဲ့ပြီး စီးပွားရေးအရ ကြီးမားတဲ့ဆုံးရှုံးမှုတွေရှိလာခဲ့ပြီးနောက် ရော်နယ်ဒိုရဲ့အနာဂတ်ဟာ မသေချာတော့ဘူးလို့ II Messaggero က ဖော်ပြခဲ့ပါတယ်။ အထူးသဖြင့် ရော်နယ်ဒိုရဲ့ မြင့်မားတဲ့လစာငွေကို ပေးချေဖို့ ဂျူဗီမှာ အခက်တွေ့နေတယ်လို့ သိရပါတယ်။ 

လွန်ခဲ့တဲ့ နှစ်နှစ်က ဂျူဗင်တပ်စ်ကို ရောက်ရှိလာခဲ့တဲ့ ရော်နယ်ဒိုဟာ တစ်နှစ်ကို ယူရို ၃၁သန်းအထိ လုပ်ခလစာရရှိနေသူလည်းဖြစ်ပါတယ်။ ဒီမြင့်မားတဲ့ပမာဏကို လာမယ့်ကာလတွေမှာ ဆက်လက်ပေးချေနိုင်ဖို့ ဂျူဗီအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုလိုဖြစ်နေပြီး ရော်နယ်ဒိုရဲ့ အနာဂတ်က ဖြစ်နိုင်ချေ ၃ခုအထိရှိနေတယ်လို့ သိရပါတယ်။ 

ပေါ်တူဂီလက်ရွေးစင်ကစားသမားအနေနဲ့ ပြောင်းရွှေ့ကြေးယူရိုသန်းရ၀ နဲ့ အခြားအသင်းတစ်သငး်ကို ပြောင်းရွှေ့နိုင်ဖွယ်ရာလည်း ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိကာလမှာတော့ ကလပ်အသင်းတွေအနေနဲ့လည်း လစာငွေမြင့်မားတဲ့ ကစားသမားတွေကို အရဲစွန့်ခေါ်ယူဖို့ရာ မလွယ်ကူတဲ့အနေအထားမှာရှိနေပါတယ်။ 

နောက်ထပ်အခြေအနေတွေကတော့ သူ့အနေနဲ့ ဂျူဗီမှာပဲ လက်ကျန်စာချုပ်ပြည့်အောင်ကစားမလားဆိုတာကို စဉ်းစားရမှာဖြစ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ပေါ်တူဂီတိုက်စစ်မှူးဟာ ဒီရာသီမှာ အသင်းအတွက် စီးရီးအေသွင်းဂိုး ၂၁ဂိုးအထိ သွင်းယူပေးထားပြီး ရာသီမကုန်ခင်မှာပဲ ပြီးခဲ့တဲ့ရာသီက သွင်းယူခဲ့တဲ့ ဂိုးအရေအတွက်ကို လိုက်မီထားတာလည်းဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က