ဧပြီ ၁၈ရက်နေ့မှာ ပြန်လည်ကျင်းပဖို့ စီစဉ်နေတာလည်းဖြစ်ပါတယ်။

၂၀၂၀ ဘောလုံးရာသီကို ဖေဖော်ဝါရီလအတွင်းကတည်းက စတင်ရမှာဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်လာခြင်းကြောင့် ရက်ရွှေ့ဆိုင်းထားခဲ့ရတာလည်းဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်စတင်ခဲ့ရာတရုတ်နိုင်ငံတွင် ရောဂါကူးစက်မှုနှုန်းကို ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တဲ့အတွက် အားကစားပွဲ စဉ်များကို ပြန်လည်ကျင်းပဖို့ စီစဉ်နေခဲ့ပြီဖြစ်ပြီး တရုတ်စူပါလိဂ်ပွဲစဉ်တွေကိုလည်း လာမယ့် ဧပြီ ၁၈ရက်နေ့မှာ ရာသီသစ်ပွဲစဉ်တွေကို စတင်ကျင်းပဖို့ လျာထားဆောင်ရွက်နေပြီဖြစ်တယ်လို့ ဒေသခံတရုတ်မီဒီယာတွေရဲ့ဖော် ပြမှုကို thesun ရဲ့ကိုးကားဖော်ပြချက်အရ သိရပါတယ်။



တရုတ်စူပါလိဂ်အနေနဲ့ သတ်မှတ်ထားတဲ့ ပွဲစဉ်ဇယားအရ ဖေဖော်ဝါရီ ၂၂ရက်နေ့ကတော့ အောက်တိုဘာ ၃၁ရ က်နေ့အထိ ကျင်းပရမှာဖြစ်သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်းမြင့်တက်လာခဲ့တဲ့အတွက် ပြိုင်ပွဲကိုရွှေ့ ဆိုင်းခဲ့ရတာလည်းဖြစ်ပါတယ်။



သတင်းဖော်ပြမှုတွေအရ ရောဂါစတင်ဖြစ်ပွားခဲ့ရာ ဝူဟန်မြို့အခြေစိုက်အသင်းတစ်သင်းဖြစ်တဲ့ ဝူဟန်ဇောအသ င်းတစ်သင်းတည်းသာ ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ဖို့ အခက်အခဲအချို့ရှိနေခဲ့ပြီးလက်ရှိအချိန်မှာညှိနှိုင်းဆွေးနွေး မှုများပြုလုပ်နေဆဲဖြစ်တယ်လို့လည်း သတင်းတွေထွက်ပေါ်နေခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီက ချန်ပီယံအဖြစ်ရပ်တည်ခဲ့တဲ့ ဂွမ်ဇူးအဲဗားဂရင်းဒီအသင်းအနေနဲ့ ရောဂါကူးစက်မခံရ ရေးအတွက် သီးသန့်လေ့ကျင့်မှုများရှိနေခဲ့ပြီး ဒူဘိုင်းတွင် လေ့ကျင့်မှုများပြုလုပ်နေခဲ့ပြီး မကြာမီတွင်အသင်းကို ယ်စီက တရားဝင်သတင်းထုတ်ပြန်ဖို့ရှိနေတာလည်းဖြစ်ပါတယ်။

တရုတ်အစိုးရအာဏာပိုင်များကတော့ အားကစားပြိုင်ပွဲတွေကို အလျင်စလိုမကျင်းပကြဖို့ ဆန္ဒရှိနေခဲ့ပေမယ့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပြီးနောက် တရုတ်စူပါလိဂ်အပါအဝင်အားကစားပွဲတွေကိုပြန်လည်ကျင်းပဖို့ခွင့် ပြုပေးနိုင်ခြေရှိနေခဲ့ပြီး WHO ကထုတ်ပြန်ထားတဲ့ စည်းကမ်းအရ နိုင်ငံအတွင်းပြန်လည်ဝင်ရောက်လာမယ့် ပြ ည်ပကစားသမားအားလုံးကို ၁၄ရက်ကြာစောင့်ကြည့်ဖို့ လိုအပ်သေးတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က