ဇွန်လမှာ ပြန်လည်ကျင်းပနိုင်မယ်လို့ လျာထားခဲ့တာပါ။
Win Kyaw Min

ဘဏ္ဍာရေးအခြေအနေအရ အခက်အခဲဆုံးအခြေအနေဖြစ်လာခဲ့တဲ့အတွက်အမှတ်ပေးလိဂ်ကိုဆက်လက်ကျင်း ပနိုင်ဖို့ မသေချာတော့တာလည်းဖြစ်ပါတယ်။

အယ်လ်ဘေးနီးယားဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတွေအနေနဲ့ ဘဏ္ဍာရေးအရ အခက်အခဲများစွာရှိလာခဲ့တဲ့အ တွက် အမှတ်ပေးပြိုင်ပွဲဆက်လက်တည်ရှိနေဖို့ မသေချာတော့တဲ့အတွက် အစိုးရအာဏာပိုင်များထံတောင်းဆို မှုများပြုလုပ်ခဲ့ရတယ်လို့ Xinhua ရဲ့ဖော်ပြချက်အရ သိရပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီပြီးဆုံးရန် ၁ဝပွဲသာလိုအပ်တော့တဲ့ အယ်လ်ဘေးနီးယားအမှတ်ပေးလိဂ်အနေနဲ့ ကိုရို နာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ပြီးခဲ့တဲ့ မတ်လ ၈ရက်နေ့ကတည်းက ပွဲစဉ်အားလုံးကို ရပ်နားထားရတာလည်းဖြ စ်ပါတယ်။



“ လက်ရှိအခြေအနေက လှုပ်လို့မရတဲ့ ဒုက္ခိတလိုပါပဲ။ ပြိုင်ပွဲကိုဆက်လက်ကျင်းပနိုင်ဖို့အတွက် ဘဏ္ဍာရေးက အဓိကနေရာမှာရှိနေပါတယ်။ ရုပ်သံလွှင့်ခတွေ၊ ကွင်းဝင်ကြေးတွေမရှိတဲ့အချိန် စပွန်ဆာကုမ္ပဏီအချို့ကလည်း ဒေဝါလီခံမှုတွေရှိလာခဲ့တာက တကယ်ကိုထိုးနှက်ချက်တစ်ခုဖြစ်လာစေတာပါ ” လို့ အယ်ဘေးနီးယားဘောလုံး အဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့တာပါ။

လက်ရှိသတင်းဖော်ပြမှုတွေအရ အယ်လ်ဘေးနီးယားဘောလုံးအဖွဲ့ချုပ်အနေနဲ့ ပွဲစဉ်များရပ်နားထားရတဲ့အတွ က် ပရိသတ်ကွင်းဝင်ကြေး၊ ရုပ်သံထုတ်လွှင့်ခများမရရှိခြင်းနဲ့အတူ စပွန်ဆာကုမ္ပဏီအချို့လမ်းခွဲမှုများရှိလာခဲ့ ခြင်းကြောင့် ဘဏ္ဍာရေးအရ အခက်အခဲဆုံးအခြေအနေနဲ့ရင်ဆိုင်နေရတာဖြစ်တယ်လို့ သတင်းဖော်ပြမှုတွေရှိ နေခဲ့တာပါ။

Worldometerinfo ရဲ့ ဒီကနေ့မနက်ပိုင်းအတည်ပြုထုတ်ပြန်ချက်အရ ရောဂါပိုးကူးစက်ခံထားရသူ ၂၂၃ယော က်အထိရှိနေခဲ့တဲ့ အယ်လ်ဘေးနီးယားနိုင်ငံမှာ ၁၁ယောက်အသက်ဆုံးရှုံးခဲ့ပြီဖြစ်တဲ့အတွက် နိုင်ငံအတွင်းအား ကစားပြိုင်ပွဲတွေ ပြန်လည်ကျင်းပရန် လက်ရှိကာလအတွင်းလုံးဝမဖြစ်နိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေရခြင်းလ ည်းဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က