အသက် ၆၈နှစ်အရွယ်မှာ ကွယ်လွန်ခဲ့တာပါ။
Win Kyaw Min

ဆီနီဂေါနိုင်ငံမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ရောဂါဒဏ်ကို ၈ရက်ကြာခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရတယ်လို့လည်းသတင်း ဖော်ပြမှုတွေအရ သိရပါတယ်။

ပြင်သစ်လီဂူးကလပ်မာဆေးလ်အသင်းရဲ့ ဥက္ကဋ္ဌဟောင်းဖြစ်သူ ပါပီဒီအော့ဖ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး နောက်အချိန်မီဆေးဝါးကုသမှုခံယူခဲ့သော်လည်း ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း မိသားစုရဲ့အတည်ပြုဖော်ပြချ က်ကို espn.com က ကိုးကားဖော်ပြလာပါတယ်။



ဆီနီဂေါဂျာနယ်လစ်အဖြစ် လူသိများခဲ့တဲ့ ပါပီဒီအော့ဖ်ဟာ မာဆေးလ်အသင်းရဲ့ဥက္ကဋ္ဌရာထူးကို ၂၀၀၅ ကနေ ၂၀၀၉ ခုနှစ်အထိတာဝန်ယူခဲ့သူဖြစ်ပြီး အသင်းမှာရှိစဉ်ကာလအတွင်း ၂၀၀၅-၀၆ အင်တာတိုတိုချန်ပီယံအပါအ ဝင် အနားယူခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာလည်း အမှတ်ပေးလိဂ်ချန်ပီယံဖြစ်အောင်လမ်းညွှန်ပေးခဲ့သူလည်းဖြစ်ပါတယ်။



ဥက္ကဋ္ဌဟောင်းကွယ်လွန်ခဲ့ခြင်းအပေါ် မာဆေးလ်အသင်းအနေနဲ့ ဝမ်းနည်းကြောင်း အသိအမှတ်ပြုခဲ့တဲ့အပြင်ပြီး ခဲ့တဲ့ မတ်လ ၂၆ရက်နေ့က COVID-19 ကြောင့်ပွဲ ကွယ်လွန်ခဲ့တဲ့ အားကစားဒါရိုက်တာဟောင်းဟိုင်ဒယ်လ်ဂိုတို့ ကြောင့် ပြင်သစ်ဘောလုံးလောကအတွက် ဆုံးရှုံးမှုကြီးမားခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မာဆေးလ်အသင်းသားတွေဖြစ်တဲ့ မက်ဆီလိုပက်ဇ်၊ သော်ပ်ဗန်၊ ပါရက်စ်တို့အပြင် ပီအက်စ်ဂျီတိုက်စစ်မှူးအမ် ဘာပီ၊ မာဆေးလ်ကစားသမားဟောင်း ဒရော့ဘာတို့ကလည်း ဥက္ကဋ္ဌဟောင်းရဲ့နာရေးသတင်းအတွက်ဝမ်းနည်း ကြောင်း လူမှုကွန်ယက်စာမျက်နှာတွေကနေတဆင့် ထုတ်ဖော်ပြသခဲ့ကြပါတယ်။

သတင်းဖော်ပြမှုများအရ မာဆေးလ်ဥက္ကဋ္ဌဟောင်းအနေနဲ့ ပြင်သစ်နိုင်ငံကပြန်လာတဲ့ မိသားစုဝင်တစ်ဦးဆီ ကေ နကူးစက်ခံခဲ့ရတာဖြစ်ပြီးမကွယ်လွန်မီအထိရက်သတ္တပတ်၁ပတ်နီးပါးကိုရိုနာဗိုင်းရပ်စ် ရောဂါဒဏ်ခံစားခဲ့ရခြင်းနဲ့ အတူ တိမ်းပါးခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ


Author


က္က