ကစားသမားအားလုံးလေ့ကျင့်မှုတွေပြန်လည်ပြုလုပ်နေပြီဖြစ်ပါတယ်။

၂၀၁၉-၂၀ ဘောလုံးရာသီလက်ကျန်စပိန်လာလီဂါပွဲစဉ်တွေကို ပြန်လည်ကျင်းပတော့မှာဖြစ်ပြီး ဘာစီလိုနာအ သင်းအနေနဲ့ ဇွန် ၁၃တွင် မာယော့ကာအသင်းကို ရင်ဆိုင်ကစားရ မှာလည်း ဖြစ်ပါတယ်။

စပိန်လာလီဂါပွဲစဉ်များပြန်လည်စတင်ဖို့အတွက် အသင်းတိုင်းကို COVID-19 ရောဂါကူးစက်ခံထားရခြင်းရှိ/မရှိ စစ်ဆေးမှုများပြုလုပ်ခဲ့ရာမှာဘာစီလိုနာကစားသမား၅ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ရပေမယ့်အသင်းတာဝန်ရှိသူ ေ တွက အတည်ပြုသတင်းထုတ်ပြန်ရန် ထိမ်ချန်မှုများပြုလုပ်ခဲ့တယ်လို့ စပိန်မီဒီယာတွေရဲ့ ဖော်ပြမှုကို dailymail ရဲ့ကိုးကားဖော်ပြချက်အရ သိရပါတယ်။



ဇွန် ၁၁ ရက်နေ့မှာ ပြန်လည်စတင်ဖို့ လျာထားတဲ့ စပိန်လာလီဂါအနေနဲ့ စိန်ခေါ်မှုတွေကြားထဲကနေ ကျင်းပနိုင် ဖို့အတွက် လုပ်ဆောင်နေစဉ်အတွင်း ဘာစီလိုနာအသင်းရဲ့ လုပ်ရပ်မှာ ဝေဖန်စရာဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပြီး သတ င်းထိမ်ချန်မှုမပြုလုပ်သင့်တဲ့ အခြေအနေတစ်ခုဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေခဲ့ပါတယ်။



သတင်းဖော်ပြမှုတွေအရ ဘာစီလိုနာအသင်းရဲ့ထိပ်တန်းကစားသမား ၅ဦးတွင် ရောဂါပိုးကူးစက်ခံထားရကြော င်း စစ်ဆေးတွေ့ရှိခဲ့ရတာဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာ အမည်ထုတ်ဖော်ခဲ့ခြင်းမရှိပေမယ့် လက်ရှိအချိန်မှာေ တာ့ ပြန်လည်သက်သာနေခဲ့ပြီလို့လည်း သိရပါတယ်။

AS.COM ရဲ့ဖော်ပြချက်မှာတော့ ရောဂါပိုးတွေ့ရှိခဲ့တဲ့ ဘာစီလိုနာအသင်းကြီးကစားသမား ၅ဦးအနေနဲ့ ရောဂါ ကူးစက်ခံထားရတဲ့ လက္ခဏာများမရှိခဲ့သလို COVID-19 ရဲ့ အဓိကလက္ခဏာတွေဖြစ်တဲ့ ဖျားနာခြင်း၊ အသက် ရှုမဝခြင်းများရင်ဆိုင်ခဲ့ရခြင်းမရှိတဲ့အတွက် အတည်ပြုသတင်းထုတ်ပြန်မှုမပြုလုပ်ခဲ့တာလို့လည်း သိရပါတယ်။

လက်ရှိမှာအသင်းအနေနဲ့ လက်ကျန်ပွဲစဉ်တွေအတွက် လေ့ကျင့်မှုတွေပြုလုပ်နေပြီဖြစ်ပြီး လေ့ကျင့်ရေးအစီအစ ဉ်တွေအားလုံးပုံမှန်အတိုင်းမဟုတ်သလို ကစားသမားအချို့ပါဝင်နိုင်ခြင်းမရှိဘူးလို့အစောပိုင်းကာလကအရိပ်အ မြွတ်ထုတ်ဖော်ပြောဆိုခဲ့တဲ့ မက်ဆီရဲ့ မှတ်ချက်က အမှန်တကယ်ဖြစ်လာခဲ့ပြီလို့လည်း သုံးသပ်မှုများရှိနေခဲ့ပြ န်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က