ဘောလုံးလောကအတွက် စိတ်မကောင်းစရာပါ။
Pyae Phyo Thein

သူ့မှာ ဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ အတည်ပြုခဲ့ပြီးနောက် စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေခဲ့ပြီး အခုလိုပြုလုပ်ခဲ့တယ်လို့ ယူဆမှုတွေရှိနေပြီး ဂွန်ဇာလက်ဇ်ရဲ့ ဇနီးသည်ဟာလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ 


ပြင်သစ်လီဂူးကလပ်ရန်းစ်အသင်းရဲ့ ဆရာဝန်ဘားနက်ဂွန်ဇာလက်ဇ်ဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးနောက်မှာ ကိုယ့်ကိုကိုယ်သတ်သေခဲ့တယ်လို့ သိရပါတယ်။ ပြင်သစ်ကလပ်အသင်းကလည်း အသင်းဆရာဝန်သေဆုံးတဲ့သတင်းကို တွစ်တာကတဆင့် အတည်ပြုသတင်းထုတ်ပြန်သွားခဲ့ပြီး ဝမ်းနည်းကြောင်းစကားဆိုခဲ့ပါတယ်။ 

ပြင်သစ်သတင်းဌာန Le Parisien ရဲ့ ဖော်ပြချက်အရ ဂွန်ဇာလက်ဇ်ဟာ ကိုယ့်ကိုကိုယ်မသတ်သေခင်မှာ သေတမ်းစာရေးသားခဲ့တယ်လို့ သိရပါတယ်။ သူ့မှာ ဗိုင်းရပ်စ်ကူးစက်ခံနေရတယ်လို့ အတည်ပြုခဲ့ပြီးနောက် စိတ်ပိုင်းဆိုင်ရာပြဿနာရှိနေခဲ့ပြီး အခုလိုပြုလုပ်ခဲ့တယ်လို့ ယူဆမှုတွေရှိနေပြီး ဂွန်ဇာလက်ဇ်ရဲ့ ဇနီးသည်ဟာလည်း ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

အသက် ၆၀ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဂွန်ဇာလက်စ်ဟာ ရန်းစ်အသင်းမှာ အလုပ်လုပ်ကိုင်ခဲ့တာ ၂၃နှစ်အထိ ရှိနေခဲ့သူလညးဖြစ်ပါတယ်။ ဒါဟာ ရန်းစ်အသင်းအတွက်လည်း ဝမ်းနည်းစရာသတင်းတစ်ခုဖြစ်ခဲ့ရပြီး ရန်းစ်မြို့တော်ဝန်ရိုဘင်းကလည်း ဂွန်ဇာလက်ဇ်သေဆုံးခဲ့မှုအတွက် စိတ်မကောင်းဖြစ်ရတယ်လို့ ပြောဆိုခဲ့ပါတယ်။ 

"သူက ကလပ်အသင်းဆရာဝန်ဖြစ်ခဲ့သူပါ၊ ပရော်ဖက်ရှင်နယ်ဆန်တဲ့သူတစ်ဦးဖြစ်ပြီး အားလုံးနဲ့သင့်တင့်မျှတအောင်ဆက်ဆံနိုင်ခဲ့သူလည်းဖြစ်ပါတယ်" လို့ အမှတ်တရစကားဆိုခဲ့ပါတယ်။ ရန်းစ်အသင်းဥက္ကဌ ဂျီအန်ပီယာကိုင်လော့ကလည်း အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကတဆင့် အခုလိုပဲပြောဆိုခဲ့ပါတယ်။ 

"ပြောစရာစကားလုံးတောင်မရှိတော့ပါဘူး၊ ဒီသတင်းကြားရပြီးနောက် ကျွန်တော်ကြက်သေသေခဲ့ရပါတယ်၊ ဒီကပ်ရောဂါဆိုးကြီးက အသင်းရဲ့နှလုံးသားကိုပါ ထိခိုက်လာခဲ့ပါပြီ၊ ရန်းစ်အသင်းအတွက် ကောင်းမွန်တဲ့လူသားတစ်ဦးကို ဆုံးရှုံးလိုက်ရတာပါ၊ အသင်းမှာ သူက နှစ်ပေါင်း ၂ဝကျော်တာဝန်ထမ်းဆောင်ခဲ့ပြီး တစ်ကိုယ်ကောင်းမဆန်ခဲ့ဘဲ ပရော်ဖက်ရှင်နယ်စိတ်ဓာတ်အပြည့်နဲ့ အလုပ်လုပ်ခဲ့တာပါ၊ အသင်းအနေနဲ့ သူ့ရဲ့မိဘ၊ ဇနီးသည်၊ မိသားစုနဲ့ ရပ်တည်ပေးသွားမှာပါ" လို့ ဆိုခဲ့ပါတယ်။ 


က္က