ရော်နယ်ဒိုအတွက်တော့ ဒီနှစ် စီးရီးအေ သွင်းဂိုး ၃ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်ကို ၅ ပွဲကစားပြီး စွမ်းဆောင်ထား နိုင်ပါပြီ။
SPALကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲစဉ်မှာ ဂျူဗင်တပ်တိုက်စစ်မှူးရော်နယ်ဒိုက အသင်းအတွက် အနိုုင်ဂိုးတစ်ဂိုးသွင်းပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဘရက်ရှားကို အနိုင်ရခဲ့တဲ့ပွဲမှာတော့ ရော်နယ်ဒိုအနေနဲ့ ကြံ့ခိုင်မှု မပြည့်ဝတာကြောင့် မပါဝင်နိုင်ခဲ့သလို ကမ္ဘာ့အကောင်းဆုံး ဆုပေးပွဲကိုလည်း တက်ရောက်နိုင်ခြင်း မရှိခဲ့တဲ့အကြောင်း BBC SPORTက ဖော်ပြထားပါ တယ်။
ပွဲချိန် ၄၅ မိနစ်မှာ ပီဂျာနစ်ရဲ့ မနားတမ်းကန်ချက်နဲ့အတူ ဂျူဗင်တပ်အသင်း ဦးဆောင်ခဲ့ပြီး ရော်နယ်ဒိုက ၇၈ မိနစ်မှာ သေချာပေါက် အနိုင်သေချာစေမယ့်ဂိုးကို သွင်းပေးခဲ့တာပါ။
ဒီပွဲမှာ အသက် ၄၁ နှစ်အရွယ် ဝါရင့်ဂိုးသမားကြီး ဘူဖွန်အနေနဲ့ သူ့ရဲ့ ၉၀၃ ပွဲမြောက် ကစားသမားဘ၀ ပွဲစဉ်အဖြစ် ပါဝင်ကစားခဲ့ပြီး အေစီမီလန်ကစားသမားဟောင်း မာလ်ဒိနီရဲ့စံချိန်ကို ကျော်ြ ဖတ်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုအနေနဲ့အခုလို ဂျူဗင်တပ်အတွက်အနိုင်ဂိုး သွင်းယူပေးနိုုင်ခဲ့တာကြောင့် ဒီနှစ် စီးရီးအေ ၅ ပွဲကစားပြီးချိန်မှာ ၃ ဂိုးသွင်းပြီး ၁ဂိုးဖန်တီးပေးထားနိုင်ပြီ ဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းကတော့ လက်ရှိ ချန်ပီယံဖြစ်ပေမယ့် လက်ရှိ အမှတ်ပေးဇယားကိုတော့ နည်းပြကွန်တီရဲ့ အင်တာမီလန်အသင်းက ၆ ပွဲကစား ၆ ပွဲနိုင် ၁၈ မှတ်နဲ့ ဦးဆောင်နေပါတယ်။
ဂျူဗင်တပ်အသင်းကတော့ ၆ ပွဲကစား ၅ ပွဲနိုင် ၁ ပွဲ သရေကျလိုက်တာကြောင့် ၁၆ မှတ်နဲ့ အမှတ်ပေးဇယားဒု တိယနေရာမှာ ရှိနေပါတယ်။