ညာပေါင်ကြွက်သားဒဏ်ရာရရှိထားတာပါ။

ညာဖက်ပေါင်ကြွက်သား ဒဏ်ရာရရှိသွားတာ ဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ ပါဝင်ဖို့ မသေချာဘူးလို့ အင်တာမီလန် အ သင်းက ထုတ်ပြန်ကြေညာခဲ့တာပါ။

လေဗာကူဆင်နဲ့ယူရိုပါလိဂ် ပွဲမှာ ရရှိခဲ့တဲ့ ခြေထောက်ဒဏ်ရာကြောင့် အင်တာမီလန် တိုက်စစ်မှူး ဆန်းချက်အနေနဲ့ ယူရိုပါ လိဂ် ဆီမီးဖိုင်နယ်ပွဲစဥ်ကို လွဲချော်ဖွယ်ရှိနေတယ်လို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။



ဆန်းချက်အနေနဲ့ ၆၄မိနစ်မှာမှ မာတီနက်ဇ်အစား လူစားဝင် ကစားခွင့်ရခဲ့ပြီး ဒဏ်ရာရရှိသွားပေမယ့် ပွဲပြီးတဲ့ အထိတော့ ကစားနိုင်ခဲ့ပါတယ်။

ပွဲအပြီး အသင်းရဲ့ နောက်ဆက်တွဲ သတင်းထုတ်ပြန်ချက်မှာတော့ ဆန်းချက်ဟာ ညာဖက်ပေါင်ကြွက်သားဒဏ်ရာ ရရှိထားတယ်လို့ သိရတာပါ။

ဆန်းချက်ကို မန်ချက်စတာ ယူနိုက်တက်အသင်းက အငှားခေါ်ယူထားတာဖြစ်ပြီး အပြီးသတ်ခေါ်ယူနိုင်မှု ရှိမရှိ ဆိုတာကိုတော့ သတင်းထုတ်ပြန်ပေးလာခြင်း မရှိသေးပါဘူး။

ဒါ့အပြင် ကစားသမားကိုယ်တိုင်ကလည်း နည်းပြ ကွန်တီ လက်အောက်မှာ ဒဏ်ရာ မကြာခဏရနေပြီး ၁၄ ပွဲအထိ လွဲချော်ခဲ့ကာ ပုံမှန် နေရာ ပျောက်ဆုံးနေပါတယ်။

အင်တာမီလန်အသင်းကတော့ ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားပြီ ဖြစ်ပြီး ဒီကနေ့ညမှာ ကစားမယ့် လက်ကျန် ကွာတားဖိုင်နယ် ၂ပွဲထဲက တစ်သင်းသင်းနဲ့ တွေ့ဆုံရဖို့ ရှိနေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က