မနေ့က စတင်တာပါ။
Kyaw Ko Ko Sint

ဂျာမနီမှာလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေကို ဧပြီ ၃၀ အထိ ရပ်နားထားပါတယ်။

ဂျာမန်ကလပ် ဒေါ့မွန်အသင်းကတော့ မနေ့က(တနင်္လာ)ပဲ အသင်းရဲ့ ရပ်ဆိုင်းထားတဲ့ လေ့ကျင့်ရေး အစီအစဥ် တွေကို ပြန်လည်စတင်လိုက်ပြီလို့ Daily Mail သတင်းဌာနက ဖော်ပြလာပါတယ်။

လက်ရှိမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတွေကြောင့် ဂျာမနီမှာလည်း လူစုလူဝေး မလုပ်ရခြင်း၊မလိုအပ်ပဲ အိမ်ပြင် မထွက်ခြင်း စတဲ့ စည်းကမ်းတွေ ထုတ်ပြန်ထားတာပါ။

ဒါကြောင့်လည်း ဒေါ့မွန်အသင်းဟာသူတို့ရဲ့ လေ့ကျင့်ရေး အစီအစဥ်နဲ့ ပတ်သက်ပြီး သေချာ စီစဥ်ဆောင်ရွက်ထားတယ်လို့လည်း သိရပါတယ်။

လေ့ကျင့်မှုကိုတော့ ကစားသမားတွေကို ပူးတွဲ မပြုလုပ်စေသေးပဲ နှစ်ယောက်တွဲစီသာ လေ့ကျင့်နေစေတယ်လို့ လည်း သိရပါတယ်။

ဒေါ့မွန်အသင်းက ဂျာမနီ လက်ရွေးစင် ကစားမား အမ်မရီချမ်ကတော့ - “ ဒီအခြေအနေမှာ ကျွန်တော်တို့ ကွင်းထဲ ပြန်ရောက်ဖို့ အရမ်းအရေးကြီးနေပါပြီ။”လို့ ဂျာမနီတီဗွီကို ပြောသွားတာပါ။

ဒါ့အပြင် ဒေ့ါမွန်အသင်းက ကလပ်အသင်းငယ်တွေအတွက် ယူရို သန်း ၂၀ လှူဒါန်းဖို့လည်း ဆုံးဖြတ်ထားခဲ့ပြီး ဒါကတော့ ကလပ်အသင်းငယ်တွေက ဝန်ထမ်းတွေ လစာရရှိစေဖို့ ရည်ရွယ်တယ်လို့လည်း သိရပါတယ်။

“ကျွန်တော်တို့အတွက် အရမ်းမြန်ပါတယ်။ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ကျွန်တော်တို့ ဝင်ငွေအများကြီး ရနေကြတာပါ။ဒီအချိန်မှာ တစ်ခုခုပြန်ပေးဖို့ အဆင်သင့်ပါပဲ။”လို့လည်း ချမ်က ဆိုပါတယ်။

ဒေါ့မွန်အသင်းအနေနဲ့ မြက်ခင်းပြင်မှာ လေ့ကျင့်ခန်း ပြန်စနိုင်ခဲ့တာကတော့ ဥရောပ ထိပ်တန်းလိဂ်မှာ အစောဆုံး ကွင်းအတွင်း လေ့ကျင့်ခန်း ပြန်ဆင်းနိုင်တဲ့ အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလို့လည်း ယူဆနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ


က္က