နူရီဆာဟင်ရဲ့ စံချိန်ကို ကျော်ဖြတ်သွားခဲ့တာပါ။
Pyae Phyo Thein

အသက် ၁၇ နှစ်နဲ့ ၇၇ ရက်မှာ ဘီလင်ဟမ်က ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အရင်စံချိန်ဟောင်းပိုင်ရှင်ဖြစ်သူ နူရီဆာဟင်ရဲ့ ၁၇ နှစ်နဲ့ ၈၂ ရက်စံချိန်ကို ၅ ရက်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။


ဒေါ့မွန်အသင်းရဲ့ ကစားသမားသစ်ဘီလီဟမ်ဟာ ဂျာမန်ပိုကယ်ဖလားပထမအဆင့်အဖြစ် ဂျူ့စ်ဘာ့ဂျ်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွငး်ယူပေးခဲ့ပြီးနောက် အသင်းသမိုင်းတစ်လျှောက် အသက်အငယ်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ခဲ့တယ်လို့ Goal.com က ဖော်ပြသွားခဲ့ပါတယ်။

အသက် ၁၇ နှစ်အရွယ်သာ ရှိသေးတဲ့ ဘီလီဟမ်ဟာ ဘာမင်ဂင်ကနေ ဒေါ့မွန်ကို ယူရို ၂၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပထမဆုံးတရားဝင်ပွဲမှာပဲ ဂိုးသွင်းယူနိုင်ခဲ့ပြီး အဆိုပါပွဲမှာ ဒေါ့မွန်က ၅-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘီလင်ဟမ်ဟာ ယူနို်က်တက်ကို ငြင်းဆန်ပြီး ဒေ့ါမွန်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ကာ သူ့ရဲ့ ဆုံးဖြတ်ချက်တွေက မှန်ကန်နေပြီဆိုတာကို အဖွင့်ပွဲမှာတင် သက်သေပြနိုင်ခဲ့ပါတယ်။

အသက် ၁၇ နှစ်နဲ့ ၇၇ ရက်မှာ ဘီလင်ဟမ်က ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး အရင်စံချိန်ဟောင်းပိုင်ရှင်ဖြစ်သူ နူရီဆာဟင်ရဲ့ ၁၇ နှစ်နဲ့ ၈၂ ရက်စံချိန်ကို ၅ ရက်အသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ ဆန်ချိုက ဒေါ့မွန်အတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ဘီလင်ဟမ်က ဒုတိယဂိုး၊ သော်ဂန်ဟာဇက်၊ ရေနာ၊ မာကိုရူးစ်တို့က နောက်ထပ်ဂိုးတွေအသီးသီးသွင်းယူပေးခဲ့ကြပါတယ်။ 

ဒေါ့မွန်အတွက်ကတော့ ဆန်ချို၊ ဟာလန်း၊ သော်ဂန်ဟာဇက်၊ ဂျိူလီယန်ဘရန့်တ်တို့ရှိနေတဲ့ လူငယ်တိုက်စစ်ပိုင်းမှာ နောက်ထပ်အလားအလာကောင်းတဲ့ ကြယ်ပွင့်တစ််ဦးကို ပေါင်းစည်းနိုင်ခဲ့ပြီဖြစ်ကာ ဥရောပရဲ့ အနုပျိုဆုံးနဲ့ လန်းဆန်းတက်ကြွမှုအရှိဆုံး တိုက်စစ်အစုအဖွဲ့ကို ပိုင်ဆိုင်ထားနိုင်ခဲ့ပြီဖြစ်ကာ ဘယ်လောက်ထိခရီးရောက်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းလာခဲ့ပါတယ်။ 


Author


က္က