အနည်းဆုံးတစ်ဦးကတော့ လွဲချော်မယ်လို့ သိရပါတယ်။

ဘွန်ဒက်လီဂါအမှတ်ပေးဇယားမှာ ဘိုင်ယန်က ဒေါ့မွန်ကို လေးမှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပြီး သူတို့နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ချန်ပီယံဆုအတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေမှာလည်းဖြစ်ပါတယ်။ 


အင်္ဂါနေ့မှာ ကစားသွားရမယ့် ဒေါ့မွန်နဲ့ အရေးကြီးတဲ့ ပွဲစဉ်ကို ဘို်င်ယန်မြူးနစ်အသင်းရဲ့ အဓိကကစားသမားနှစ်ဦး လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ ဘွန်ဒက်လီဂါအမှတ်ပေးဇယားမှာ ဘိုင်ယန်က ဒေါ့မွန်ကို လေးမှတ်အသာနဲ့ ဦးဆောင်နေတာဖြစ်ပြီး သူတို့နှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ချန်ပီယံဆုအတွက် ကြီးမားတဲ့အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေမှာလည်းဖြစ်ပါတယ်။ 

ဒီလိုအရေးပါတဲ့ ပွဲစဉ်ကို ဘိုင်ယန်မြူးနစ်ရဲ့ အဓိကကစားသမားတွေဖြစ်တဲ့ ကွင်းလယ်လူသီယာဂို၊ တောင်ပံကစားသမားနာဘရီတို့ လွဲချော်ဖွယ်ရှိနေတာလို့ သိရပါတယ်။ အဆိုပါကစားသမားနှစ်ဦးဟာ ဒီရာသီမှာ အသင်းရဲ့ အဓိကကစားသမားတွေဖြစ်ပြီး နည်းပြဟန်ဆီဖလစ်လက်ထက်မှာလည်း ပုံမှန်ပွဲထွက်ခွင့်ရရှိနေခဲ့သူတွေဖြစ်ပါတယ်။

သီယာဂိုဟာ ဖရန့်ဖတ်နဲ့ကစားခဲ့တဲ့ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့သူဖြစ်ပြီး လက်ရှိမှာ တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေရတယ်လို့ ဂျာမနီနာမည်ကြီးသတင်းစာ Bild က ဖော်ပြခဲ့ပါတယ်။ သူ့အနေနဲ့ နောက်ဆုံးအကြိမ်ပြုလုပ်မယ့် လေ့ကျင့်ခန်းအစီအစဉ်ကို လွဲချော်ခဲ့မယ်ဆိုရင်တော့ ဒေါမွန်နဲ့ ကစားရမယ့် အဝေးကွင်းပွဲကို သေချာပေါက်လွဲချော်မယ်လို့ သိရပါတယ်။ 

နာဘရီကတော့ ဖရန့်ဖတ်နဲ့ပွဲမှာ ဒုတိယပိုင်းကို ဝင်ရောက်ကစားခဲ့ပေမယ့် အသေးစားဒဏ်ရာရှိနေဆဲလို့ သိရပါတယ်။ သူ့ရဲ့အခြေအနေကိုလည်း နောက်ဆုံးအချိန်ထိစောင့်ကြည့်ရမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အနေနဲ့ အနည်းဆုံးတစ်ဦးကို လက်လွှတ်ရဖွယ်ရှိတယ်လို့ ဖော်ပြမှုတွေရှိနေကာ ဒေါ့မွန်နဲ့အတွက် အင်အားနည်းပါးဖွယ်ရာရှိလာခဲ့ပါတယ်။ 

နောက်ခံလူဂျရုန်းဘိုတန်ဟာလည်း ကြွက်သားဒဏ်ရာရရှိမှုကြောင့် ဖရန့်ဖတ်နဲ့ပွဲမှာ လူစားလဲခံခဲ့ရပေမယ့် လက်ရှိမှာတော့ အခြေအနေကောင်းမွန်နေတယ်လို့ ဟန်ဆီဖလစ်က အတည်ပြုထားပါတယ်။ ပထမအကျော့မှာ ဘိုင်ယန်က ဂိုးပြတ်အနိုင်ရရှိထားခဲ့ပေမယ့်လည်း လက်ရှိမှာတော့ ဒေါ့မွန်က ပြန်လည်ကစားထားတဲ့ နှစ်ပွဲစလုံးမှာ ခြောက်ဂိုးသွင်းပြီး ပေးဂိုးမရှိနိုင်ပွဲဆက်နေလို့ ခက်ခက်ခဲခဲရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။ 



က္က