ပါရာ‌ဂွေး ပြည်ထဲရေးဝန်းကြီး ကိုယ်တိုင်ထုတ်ဖော်‌ပြောလာတာပါ။

ဒင်ဟိုက ထောင်တွင်းဘောလုံးပွဲမှာ ချန်ပီယံ ဖြစ်ခဲ့သည့်တိုင် ဝမ်းနည်းစွာ ငိုကြွေးနေဆဲဖြစ်တယ်လို့ ရော်နယ်ဒင် ဟိုကို သွားတွေ့ခဲ့တဲ့ ပါရာဂွေးလက်ရွေးစင်ဟောင်းက ပြောပါတယ်။

နိုင်ငံကူးလက်မှတ် အတုနဲ့ ပြည်ဝင်ခဲ့တဲ့ ရော်နယ်ဒင်ဟိုကို ပါရာဂွေးရဲတပ်ဖွဲ့က ဖမ်းဆီးထောင်ချထားခဲ့ပါတယ်။

မတ်လ ၅ ရက်နေ့ကတည်းက ထိန်းသိမ်းခံထားရတာ ဖြစ်ပေမယ့်လည်း ရော်နယ်ဒင်ဟိုဟာ ထောင်ကျနေစဥ်အ တွင်း ‌ထောင်တွင်း ဘောလုံးပွဲတစ်ပွဲမှာ ဝင်ကစားကာ သူ့အသင်းက ချန်ပီယံဖြစ်ခဲ့တဲ့ သတင်းကလည်း ရှေ့ဆင့် နောက်ဆင့် တက်လာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ရော်နယ်ဒင်ဟိုအနေနဲ့ အခြားသော သူတွေကိုလည်း လက်မှတ်တွေ ရေးထိုးပေးပြီး ထောင် တွင်းမှာ ရော်နယ်ဒင်ဟိုတစ်ယောက်ပျော်ရွှင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမယ့် ပါရာဂွေး လက်ရွေးစင်ဟောင်းဖြစ်တဲ့ နေလ်ဆန်ကျူးဗက်စ်က ဒင်ဟိုကို ထောင်တွင်း သွားရောက်တွေ့ ဆုံအပြီး မီဒီယာနဲ့ တွေ့ဆုံရာမှာတော့ တကယ်တော့ ရော်နယ်ဒင်ဟိုတစ်ယောက် ထောင်ထဲမှာ ငိုကြွေးနေတာပါ လို့ ဖြေခဲ့တာပါ။

“ သူဝမ်းနည်းနေတယ်၊လက်ရှိ အခြေအနေအပေါ်မှာ သူဝမ်းနည်းနေတယ်၊သူ့ရှေ့နေကတော့ ဆောင်ရွက်နေပါ တယ်။မကြာခင် သူ ပြန်ထွက်လာနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။”လို့ နယ်လ်ဆန်က ပြောခဲ့ပါတယ်။

ပါရာဂွေးက ရော်နယ်ဒင်ဟိုကို ထိန်းသိမ်းထားပေမယ့်လည်း ထောင်နဲ့အလားသဏ္ဍာန်တူတဲ့ အ‌ဆောက်အအုံမ ဟုတ်ပဲ ဟိုတယ်နီးပါး ပြည့်စုံတဲ့ အဆောက်အအုံနဲ့ ထိန်းသိမ်းထားတာလို့ ပါရာဂွေး ပြည်ထဲရေးဝန်ကြီးက ထုတ် ဖော်ပြောထားတာ ရှိပါသေးတယ်။

ဒီစကားကြောင့်လည်း နယ်လ်ဆန်က ဒင်ဟိုအနေနဲ့‌ထောင်ကျနေသည့်တိုင် သက်တောင့် သက်သာ ရှိတယ်လို့ ဆိုပါတယ်။

ရော်နယ်ဒင်ဟိုကတော့ ၂၀၀၄နဲ့ ၂၀၀၅ မှာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၂ကြိမ်တိုင် ရယူနိုင်ခဲ့ဖူးသလို ၂၀၀၂ ကမ္ဘာ့ဖလားကိုလည်း ဘရာဇီး လက်ရွေးစင်အသင်းနဲ့ ပိုင်ဆိုင်ထားခဲ့သူပါ။

ဘောလုံးမှော်ဆရာလို့ တင်စားခေါ်ခံထားရတဲ့ ရော်နယ်ဒင်ဟိုကတော့ ကစားသမားဘဝက အနားယူချိန်မှာ အပျော်အပါး မက်မောလို့ စည်းစိမ်တွေအားလုံး ကုန်ဆုံးခဲ့သလို လက်ရှိမှာလည်း ထောင်နန်းစံနေရတာပါ။

Share

Loading Next Article...
က္က