loading...

loading...

loading...

ဘာစီလိုနာနဲ့ပွဲမှာ ကွင်းလယ်ဒိုင်ကို ရိုင်းစိုင်စွာ ပြောဆိုခဲ့ပါတယ်။
Kyaw Ko Ko Sint

ဘာစီလိုနာနဲ့ကစားခဲ့တဲ့ပွဲမှာ ကွင်းလယ်ဒိုင်ကို ရိုင်းစိုင်းစွာ ပြောဆိုခဲ့တယ်လို့ ကွင်းလယ်ဒိုင် မန်ဇာနိုက ပွဲအပြီး တင်ပြချက်မှာ ရေးသားခဲ့တာကြောင့် ကော်စတာအနေနဲ့ လာလီဂါ ၈ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

၂၀၁၈-၁၉ လာလီဂါ ဘောလုံးရာသီမှာတော့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဒီယေဂို ကော်စတာရဲ့ ပြစ်ဒဏ်တွေကို ထပ်မံမြင်တွေ့ရတော့မှာ မဟုတ်ဘူးလို့ Goal.comကဖော်ပြလာ ပါတယ်။

အကြောင်းကတော့ ဘာစီလိုနာကို အရေးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ တာဝန်ယူခဲ့တဲ့ ကွင်းလယ်ဒိုင် မန်ဇာနိုကို စောဒဂတက်ခဲ့တဲ့အတွက် ပြိုင်ပွဲကျင်းပရေးက ကော်တာကို ၈ ပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်လို့ ဖြစ် ပါတယ်။

လက်ရှိအချိန်မှာ လာလီဂါ ပြိုင်ပွဲက ၃၁ ပွဲအထိ ကစားထားနှင့်ပြီး ဖြစ်တာကြောင့် ရာသီကုန်ဆုံးဖို့ လက်ကျန် ၇ ပွဲသာ လိုတော့ချိန် ကော်စတာရဲ့ ပြစ်ဒဏ်က အနီးစပ်ဆုံး လာလီဂါ ၈ ပွဲပယ် ပြစ်ဒဏ်ဖြစ်တာကြောင့် လာမယ့် ၂၀၁၉-၂၀ ဘောလုံးရာသီမှာတောင် အဖွင့်ပွဲစဉ်လွဲချော်ဦးမှာ ဖြစ်ပါတယ်။

ဧပြီ ၆ ရက်နေ့က ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ ကော်စတာက ကွင်းလယ်ဒိုင်ကို ပွဲချိန် ၂၈ မိနစ်မှာ ပြင်းထန်စွာ စောဒဂ တက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ပွဲအပြီးမှာတော့ ကွင်းလယ်ဒိုင် မန်ဇာနိုက - “ အမေနဲ့ ပတ်သက်ပြီး ရိုင်းစိုင်းစွာ ပြောဆိုခဲ့ပါတယ်။” လို့ တင်ပြခဲ့တဲ့အတွက် စပိန်ဘောလုံးအဖွဲ့ချုပ်က အခုလို ပြစ်ဒဏ်ချမှတ်လိုက်တာလို့ ဆိုပါတယ်။

ယင်းကဲ့သို့ ရိုင်းစိုင်းစွာ ပြောဆိုချိန်မှာလည်း ကော်စတာအနေနဲ့ ကွင်းလယ်ဒိုင်ရဲ့ လက်မောင်းကို ဒေါသတကြီး ကိုင်ဆုပ်ထားတာကိုလည်း မြင်တွေ့ရမှာပါ။

အခုလို ၈ ပွဲ ပယ်ပြစ်ဒဏ်ချမှတ်တာကတော့ ပထမ ၄ပွဲက ကွင်းလယ်ဒိုင်ကို ပြင်းထန်စွာ စောဒဂ တက်ခဲ့တာကြောင့် ဖြစ်ပြီး နောက်ထပ် ၄ ပွဲကတော့ ဂိုဒင်နဲ့ဂျီမီနက်ဇ်တို့ကို အဝါကဒ်ပြသချိန် ကွင်းလယ်ဒိုင်ရဲ့ လက်မောင်းကို ပုတ်ချသလို ပြုမူခဲ့တာကြောင့် ဖြစ်တယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

ပွဲပယ်ပြစ်ဒဏ်အပြင် ကော်စတာအနေနဲ့ ယူရို ၆၀၁၀ ပေးဆောင်ရမှာ ဖြစ်ပြီး ကလပ်အသင်းဖြစ်တဲ့ အက်သ လက်တီကိုအသင်းကလည်း ယူရို ၂၈၀၀ ပေးဆောင်ရမှာလို့ သိရပါတယ်။

ကော်စတာအနေနဲ့ ဒီနှစ်မှာ အက်သလက်တီကိုအတွက် ၂၁ ပွဲပါဝင်ကစားပေးထားပြီး ၅ ဂိုးသာ သွင်းယူပေး ထားနိုင်ပါတယ်။


loading...

က္က