အသင်းအတွက် ၁၆ ပွဲသာ ကစားပေးခဲ့ရသူပါ။
Pyae Phyo Thein

လာလီဂါချန်ပီယံဖြစ်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းပရိသတ်တွေဟာ သူတို့ကစားသမားတွေရဲ့ အဆင့်ကို ရွေးချယ်သတ်မှတ်ပေးခဲ့ပြီး ဂါရတ်ဘေးလ်က အဆိုးဝါးဆုံးကစားသမားအဖြစ် ရှိနေခဲ့ပါတယ်။ 


လာလီဂါချန်ပီယံဖြစ်ခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်အသင်းပရိသတ်တွေဟာ သူတို့ကစားသမားတွေရဲ့ အဆင့်ကို ရွေးချယ်သတ်မှတ်ပေးခဲ့ပါတယ်။ ဒီသတ်မှတ်မှုမှာတော့ အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်ခဲ့တဲ့ ဂါရတ်ဘေးလ်က နောက်ဆုံးအဆင့်မှာရှိနေခဲ့ပြီး အကောင်းဆုံးကစားသမားအဖြစ် တိုက်စစ်မှူးဘန်ဇီမာကို ရွေးချယ်ခဲ့ပါတယ်။

ရီးရဲလ်အသင်းဟာ လာလီဂါဖလားကို လက်ကျန် ၂ပွဲအလိုမှာပဲ ဆွတ်ခူးနိုင်ခဲ့ပြီး ၃၄ ကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဘန်ဇီမာက ပရိသတ်တွေပေါင်း ငါးထောင့်တစ်ရာရဲ့ ဆန္ဒပြုမှုကိုရရှိခဲ့ပြီး ဒုတိယနေရာမှာ အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်၊ တတိယနေရာမှာ ဂိုးသမားကော်တွိုက်စ်တို့ ရှိနေခဲ့ကြတယ်လို့ Sportskeeda က ဖော်ပြခဲ့ပါတယ်။ 

ဘန်ဇီမာဟာ အသင်းအတွက် သွင်းဂိုး ၂၁ ဂိုးနဲ့ ဖန်တီးမှု ၈ ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပြီး ရော်နယ်ဒိုထွက်ခွာခဲ့ပြီးနောက် အသင်းရဲ့အဓိကတိုက်စစ်မှူးအဖြစ် ခြေစွမ်းပြနေခဲ့ပါတယ်။ ရာမို့စ်ကလည်း အသင်းအတွက် သွင်းဂိုးအများအပြားသွင်းယူပေးခဲ့ကာ မဲပေးသူ ငါးထောင်အထိရရှိခဲ့ပြီး ဘန်ဇီမာနဲ့ အနည်းငယ်သာကွာဟခဲ့ပါတယ်။ 

ကော်တွိုက်စ်ကတော့ ၁၉၈၈ ခုနှစ်နောက်ပိုင်း ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါပွဲ ၁၈ ပွဲအထိ ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်တဲ့ ပထမဆုံးဂိုးသမားဖြစ်လာခဲ့ပါတယ်။ မက်ဒရစ်မြို့ခံကလပ်အသင်းနှစ်သင်းလုံးနဲ့ လာလီဂါဖလားကို ရရှိခဲ့တဲ့ ကစားသမားအဖြစ်နဲ့လည်း ကော်တွိုက်စ်က မှတ်တမ်းဝင်ခဲ့ပြီး အကောင်းဆုံးလက်စွမ်းတွေကို ပြသခဲ့ပါတယ်။ 

ဟာဇက်က အဆင့် ၂ဝနေရာမှာရှိခဲ့ပြီး ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ၂၄ နဲ့ ဘေးလ်က ၂၅ နေရာတို့မှာရှိနေခဲ့ပါတယ်။ ထိပ်ဆုံး ၁ဝဦးစာရင်းမှာ ကက်စ်မဲရိုး၊ ခရူးစ်၊ ဗာရာနီ၊ ဗယ်လ်ဗာဒီ၊ မိုဒရစ်၊ မန်ဒီ နဲ့ ကာဗာဂျယ်တို့က အစဉ်လိုက်ဆက်လက်ရှိနေခဲ့ပါတယ်။ ရီးရဲလ်ဟာ ချန်ပီယံလိဂ်ပွဲအဖြစ် မန်စီးတီးနဲ့ ၁၆ သင်းအဆင့် ဒုတိယအကျော့ကို အဝေးကွင်းမှာ ကစားရဥိးမှာဖြစ်ပြီး ပထမအကျော့ကိုတော့ အိမ်ကွငး်မှာ ၁-၂ နဲ့ ရှုံးနိမ့်ထားခဲ့ပါတယ်။ 


Author


က္က