ရီးရဲလ်ကတော့ လာလီဂါမှာ အဆင့် ၂နေရာ ရပ်တည်နေတာပါ။
Pyae Phyo Thein

ပြီးခဲ့တဲ့ရာသီမှာ ဆုဖလားလက်မဲ့ဖြစ်ခဲ့ပြီးနောက် ဇီဒန်းက လက်ရှိဘောလုံးရာသီအတွက် ဟာဇက်၊ လူကာဂျိုဗစ်၊ မီလီတာအို၊ ရိုဒရိုင်ဂို နဲ့ မန်ဒီတို့ကို ခေါ်ယူခဲ့ပါတယ်။ ကစားသမားတချို့ကတော့ ရီးရဲလ်ကစားသမားဘဝပထမဆုံးရာသီမှာပဲ ခြေစွမ်းပြခဲ့ပေမယ့် ဟာဇက်၊ လူကာဂျိုဗစ်တို့ကတော့ ရုန်းကန်ခဲ့ရပါတယ်။ ရီးရဲလ်အနေနဲ့ လက်ရှိအချိန်မှာ လာလီဂါနဲ့ ချန်ပီယံလိဂ်ဖလားတို့ကို မျှော်မှန်းနေနိုင်တဲ့ အနေအထားမှာပါ။ လာလီဂါမှာ ဘာစီလိုနာနဲ့ ၂မှတ်သာ ကွာဟနေတာကြောင့် ဆုဖလားမျှော်လင့်ချက်က သန်သန်မာမာရှိနေပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပထမအကျော့မှာတော့ အိမ်ကွင်းမှာပဲ မန်စီးတီးကို အရေးနိမ့်ထားလို့ ရုန်းကန်ရဦးမှာပါ။ ကစားသမားကောင်းတွေ ခေါ်ယူအားဖြည့်ခဲ့ပေမယ့် ရီးရဲလ်အနေအထားက အပြီးပြည့်စုံဆုံးတော့မဟုတ်သေးပါဘူး။ ထင်မှတ်ထားတဲ့ ကစားသမားတွေက အားမကိုးရဘဲ မထင်မှတ်တဲ့ကစားသမားတွေ ခြေစွမ်းပြနေခဲ့လို့သာ ခံသာနေခဲ့တာပါ။ ရီးရဲလ်အတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေကတော့..။


၁။ ဗယ်လ်ဗာဒီ

ဒီရာသီမှာ ရီးရဲလ်ကွင်းလယ်အတွက် အကောင်းဆုံးလုပ်ပြနေသူပါ။ ဥရုဂွေးလက်ရွေးစင်က ဇီဒန်းလက်အောက်မှာ လိဂ်ပွဲ ၂၂ပွဲအထိတောင် ကစားခွင့်ရရှိခဲ့ပြီး ၂ဂိုးသွင်းကာ ၄ကြိမ်ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ စပိန်စူပါဖလားပြိုင်ပွဲမှာဆိုရင်လည်း သူ့ရဲ့ ခြေစွမ်းပြမှုကြောင့် ရီးရဲလ်က ဖလားဆွတ်ခူးနိုင်ခဲ့တာပါ။ သူ့ရဲ့ခြေစွမ်းက ပေါ့ဂ်ဘာကို ခေါ်ယူချင်နေတဲ့ ဇီဒန်းကို စိတ်ပြောင်းလဲအောင်တောင် လုပ်နိုင်စွမ်းရှိခဲ့ပါတယ်။ မိုဒရစ်နေရာကို အပြည့်အဝအစားထိုးနိုင်မယ့်သူဖြစ်ပြီး အသက် ၂၁နှစ်သာရှိသေးလို့ ဘာနေဗျူးမှာရေရှည်ခြေစွမ်းပြနိုင်ဦးမှာပါ။ ဘောလုံးအထိန်းအသိမ်းကောင်းမွန်ပြီး အမြင်စူးရှသလို ဘောလုံးနဲ့အတူလည်း ဆွဲပြေးနိုင်စွမ်းရှိပါတယ်။ ပေးပို့ပုံကောငး်မွန်ပြီး တွေဝေခြင်းမရှိဘဲ ဖျက်ထုတ်နိုင်တဲ့ စွမ်းရည်နဲ့ ကြားဖြတ်လုယူမှုတွေမှာ တော်တော်လေးထူးချွန်သူလည်းဖြစ်ပါတယ်။ ဒီပုံစံကို အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲစဉ်မှာ မြင်တွေ့ခဲ့ရမှာဖြစ်ပါတယ်။ 


၂။ ကက်စ်မဲရိုး

ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ကက်စ်မဲရိုးကို သတ်မှတ်ထားကြပါတယ်။ ရီးရဲလ်မှာ ကစားနေခဲ့တာ နှစ်အတန်ကြာနေပြီဖြစ်ပြီး အသင်းရဲ့ အရေးအပါဆုံးကစားသမားတွေထဲက တစ်ဦးလည်းဖြစ်ပါတယ်။ ကွင်းလယ်ခံစစ်လူဆိုတဲ့အတိုင်း ဖျက်ထုတ်မှု၊ ကြားဖြတ်လုယူမှု၊ ဘောလုံးပြန်ဆယ်ယူနိုင်မှုနဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်က တော်တော်လေးမြင့်မားတဲ့ကစားသမားပါ။ အသင်းခံစစ်တန်းရှေ့မှာ အကောင်းဆုံးပုံစံနဲ့ ကာဗာလုပ်ကစားပေးနိုင်ပြီး အရေးပါတဲ့သွင်းဂိုးတစ်ချို့ကိုလည်း ဒီရာသီမှာ ရယူပေးထားနိုင်ခဲ့ပါတယ်။ တိုနီခရူးစ်၊ ဗယ်လ်ဗာဒီတို့နဲ့ တွဲဖက်ထားတဲ့ ရီးရဲလ်ကွင်းလယ်က ပြိုင်ဘက်တိုင်းကို လွှမ်းမိုးထားနိုင်စွမ်းလည်းရှိခဲ့ပါတယ်။ လာမယ့်ရာသီတွေမှာလည်း ရီးရဲလ်မက်ဒရစ်အောင်မြင်မှုရရှိအောင် ကူညီပေးနိုင်မယ့် ကစားသမားတစ်ဦးဆိုတာ သံသယဝင်စရာမရှိပါဘူး။ 


၃။ ကော်တွိုက်စ်

ချယ်လ်ဆီးကနေ ပြောင်းရွှေ့ခဲ့ခါစမှာ ဝေဖန်မှုတွေနဲ့ အပြင်းအထန်ဝေဖန်ခံခဲ့ရတဲ့ ဂိုးသမားကော်တွိုက်စ်က ဒီရာသီမှာတော့ လက်စွမ်းပြနေပြီဖြစ်ပါတယ်။ ဘယ်လ်ဂျီယံလက်ရွေးစင်က ဇီဒန်းရဲ့ ယုံကြည်မှုပေးခံရမှုနဲ့အတူ တည်ငြိမ်တဲ့ လက်စွမ်းတွေကို ပြန်လည်ပြသနိုင်ခဲ့ပြီး ပထမဆုံးရာသီက အမှားအယွင်းတွေကို ချေဖျက်နိုင်ခဲ့ပါတယ်။ လာလီဂါ ၂၄ ပွဲမှာ ၁၂ပွဲအထိ ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့လို့လည်း အကောင်းဆုံးဂိုးသမားဆုရဖို့ ရေပန်းစားနေပါတယ်။ လိဂ်ပြိုင်ပွဲမှာ စုစုပေါင်းကာကွယ်မှု ၄၇ ကြိမ်ရှိခဲ့ပြီး ပေးဂိုး၁၆ ဂိုးတည်းသာ ပေးထားခဲ့ရတာဖြစ်ပါတယ်။ စပိန်စူပါဖလားပြိုင်ပွဲမှာလည်း ပင်နယ်တီကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့ပြီး အသင်းကို ဆုဖလားဆွတ်ခူးနိုင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 


က္က